The Rip
၂၀၂၆၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှာပဲ Netflix ကနေ ပြသလိုက်တဲ့ Crime Thriller ရုပ်ရှင်သစ် "The Rip" အကြောင်း ပြောပြချင်ပါတယ်ဗျ။ ဒီကားက ဟောလိဝုဒ်ရဲ့ နာမည်ကြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Matt Damon နဲ့ Ben Affleck တို့ ပြန်ဆုံထားတဲ့ကားမို့ ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေပါတယ်။ ဇာတ်လမ်းပုံစံက ဒီလိုဗျ... Miami မြို့က ရဲတပ်ဖွဲ့ဝင်တစ်စုရဲ့ အကြောင်းပါ။ Matt Damon က Dane Dumars ဆိုတဲ့ ရဲအရာရှိ၊ Ben Affleck က JD Byrne ဆိုတဲ့ စုံထောက်အဖြစ် သရုပ်ဆောင်ထားတယ်။ သူတို့အဖွဲ့က မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုရဲ့ ပိုက်ဆံတွေ သိုဝှက်ထားတဲ့ နေရာ (Stash House) တစ်ခုကို ရှာတွေ့သွားရာကနေ ပြဿနာစတာပါပဲ။ အဲ့ဒီအိမ်ထဲမှာ ဒေါ်လာသန်းပေါင်းများစွာ ပါတဲ့ ငွေထုတ်တွေကို တွေ့လိုက်ရတဲ့အခါ... ရိုးရိုးသားသားပဲ အထက်ကို တင်ပြမလား၊ ဒါမှမဟုတ် ကိုယ့်အိတ်ထဲပဲ ကိုယ်ထည့်မလား ဆိုတဲ့ စိတ်ဒွိဟတွေ ဖြစ်လာကြတယ်။ ပိုဆိုးတာက Matt Damon ရဲ့ ဇာတ်ကောင် Dane က ပိုက်ဆံတွေ့ပြီးနောက်ပိုင်းမှာ ထူးထူးခြားခြား အမူအရာတွေ ပျက်လာပြီး၊ ဖုန်းတွေကို သိမ်း၊ အထက်ကို အကြောင်းမကြားဖို့ လုပ်လာတဲ့အခါ သူ့သူငယ်ချင်း JD (Ben Affleck) အပါအဝင် ကျန်တဲ့အဖွဲ့သားတွေက သူ့ကို သံသယ ဝင်လာကြပါတော့တယ်။ "ပိုက်ဆံမြင်ရင် ဘယ်သူ့ကိုမှ ယုံလို့မရတော့ဘူး" ဆိုတဲ့အတိုင်း သူငယ်ချင်းအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြားမှာ ယုံကြည်မှုတွေ ပျက်ပြားပြီး၊ တစ်ဖက်မှာလည်း အပြင်က လူတွေက ဒီပိုက်ဆံသတင်းကို ရသွားတဲ့အခါ အခြေအနေတွေက ပိုပြီး တင်းမာလာပါတယ်။ Action အကြမ်းပတမ်းတွေထက် စိတ်ပိုင်းဆိုင်ရာ တင်းမာမှု (Suspense) တွေကို ဦးစားပေးရိုက်ကူးထားပြီး၊ Joe Carnahan (The Grey, Smokin' Aces ဒါရိုက်တာ) ရိုက်ကူးထားတာမို့ Crime Thriller ကောင်းကောင်း ကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပါပဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kim ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း