The Cut
ဒီဇာတ်ကားကတော့ ကိုရီးယားHorrorကားတွေရဲ့ထုံးစံအတိုင်း လျှို့ဝှက်ချက်တွေ၊ ဒရမ်မာတွေနဲ့ သွေးပျက်စရာအခန်းတွေကို ပေါင်းစပ်ရိုက်ကူးထားတာပါ။ ဆေးကျောင်းသား၊ ကျောင်းသူ တွေဟာ ခန္ဓာဗေဒအတန်းမှာ အဖွဲ့လိုက်ပူးပေါင်းပြီး အလောင်းခွဲစိတ်မှုတွေလုပ်ဖို့ တာဝန်ကျလာပါတယ်။ ဆွန်းဟွာတို့သူငယ်ချင်း ၅ယောက်အဖွဲ့အတွက် ရောက်လာတဲ့အလောင်းကတော့ ရင်ဘတ်ပေါ်မှာ နှင်းဆီပွင့်ပုံစံပါရှိနေတဲ့ လှပတဲ့အမျိုးသမီးအလောင်းပါ။ သူတို့သူငယ်ချင်းအဖွဲ့ထဲမှာ ဆွန်းဟွာက ထူးချွန်ပြီး စာတော်တဲ့ ကျောင်းသူတစ်ယောက်ပါ။ ဒါပေမဲ့ ဒီအလောင်းနဲ့ စတင်ထိတွေ့ပြီးချိန်ကစလို့ သူတို့သူငယ်ချင်းအဖွဲ့သားတွေဟာ ထူးဆန်းတဲ့အိပ်မက်ဆိုးတွေ မက်တာ၊ မြင်ယောင်မြင်မှားဖြစ်တာတွေ ကြုံလာရပါတယ်။ တဖြည်းဖြည်းနဲ့ အဖွဲ့ထဲက ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် သေဆုံးမှုတွေ ဖြစ်လာတဲ့အခါ... ဒီအလောင်းကောင်မှာ ဘယ်လိုကျိန်စာတွေ ရှိနေတာလဲ၊ ရင်ဘတ်ပေါ်က နှင်းဆီပွင့်ပုံရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာလဲဆိုတာကို အသက်လုပြီး ရှာဖွေဖော်ထုတ်ရမယ့် ဇာတ်လမ်းဖြစ်ပြီး မထင်ထားတဲ့ Plot twistမျိုးနဲ့ကြုံတွေ့ရမယ့်ကားမျိုးပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း