ဇာတ်ကားများ ရွေးရန်

Escape from Pretoria

2020ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါတော့ စိတ်ဝင်စားစရာ ထောင်ဖောက်ဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ Harry Potter မင်းသား Daniel Radcliffe အဓိကပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင်တော့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ အာဖရိကနိုင်ငံအတွင်း လူမျိုးရေးခွဲခြားမှုတွေ အသားရောင်ခွဲခြားပြီး ဖိနှိပ်မှုတွေအကြောင်းကို အခြေပြုပြီးရိုက်ကူးထားတာပါ၊ ဒီလိုဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ လူငယ်လေးနှစ်ဦးဖြစ်တဲ့ တင်မိုသီ နဲ့ စတက်ဖန်လီကို အပြစ်ဒဏ်‌အနေနဲ့ နှစ်ကြီးထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ် ၊ ဒီလိုနဲ့ သူတို့နှစ်ယောက်က ထောင်ထဲကနေပြန်ထွက်ဖို့အတွက် နည်းလမ်းမျိုးစုံစဉ်းစားပါတော့တယ်၊ ဒီကားလေးရဲ့ထူးခြားချက်ကတော့ ပုံမှန်ကြည့်နေကျဇာတ်ကားတွေလို ထိုးကြိတ် ရိုက်နှပ်ပြီး fighting အခန်းတွေကြည့်ရမှာမဟုတ်ဘဲ ဉာဏ်နဲ့ယှဉ်ပြီး အကွက်ရွှေ့သွားတာတွေကို တွေ့ရမှာပါ။ ဆိုတော့ ဘယ်လိုတွေ ဉာဏ်ဆင်ပြီး ထောင်ကနေထွက်နိုင်ဖို့ကြိုးစားမလဲ တကယ်ရော လွတ်မြောက်နိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ zun ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း