ဇာတ်ကားများ ရွေးရန်

Baby Assassins: 2 Babies

2023ဇာတ်ကားBlu-ray 1080p

ပထမကားမှာ ပရိသတ်တွေ အချစ်တော်ဖြစ်ခဲ့ကြတဲ့ ကြေးစားလူသတ်သမားမလေးနှစ်ယောက် ချီဆတို နဲ့ မာဟီရို တို့ဟာ ဒုတိယကားမှာလည်း ပိုမိုရှုပ်ထွေးပြီး ရယ်မောရမယ့် ပြဿနာသစ်တွေနဲ့ ပြန်လာပါပြီ။ ဒီတစ်ခေါက်မှာတော့ သူတို့ဟာ အဖွဲ့အစည်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်မိခဲ့တာကြောင့် လူသတ်သမားအလုပ်ကနေ ခေတ္တရပ်နား (Suspended) ခံလိုက်ရပြီး ဝင်ငွေပြတ်တောက်သွားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရပါတယ်။ ​ဇာတ်လမ်းရဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချက်ကတော့ သူတို့နှစ်ယောက် နေရာကို အစားထိုးပြီး အဖွဲ့အစည်းထဲ ဝင်ချင်နေကြတဲ့ အလွတ်တန်းလူသတ်သမား ညီအစ်ကိုနှစ်ယောက် ပေါ်လာတာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အိမ်လခပေးဖို့နဲ့ စားဝတ်နေရေးအတွက် အရင်ကထက် ပိုဆိုးတဲ့ Part-time job အလွဲတွေကို လုပ်ကိုင်ရင်း၊ နောက်တစ်ဖက်မှာလည်း သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့ ရန်သူသစ်တွေကို ရင်ဆိုင်ရတဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်။ ​ဒီဇာတ်ကားမှာလည်း "Slice of Life" ရသကို အပြည့်အဝပေးထားဆဲဖြစ်ပြီး၊ အလုပ်မရှိလို့ ပိုက်ဆံချွေတာနေရတဲ့ အခန်းတွေ၊ အချင်းချင်း အသေးအမွှားကိစ္စလေးတွေနဲ့ ရန်ဖြစ်နေကြတဲ့ အခန်းတွေက ပထမကားထက်တောင် ပိုပြီး အသက်ဝင်လာပါတယ်။ အထူးသဖြင့် Action အပိုင်းမှာတော့ Martial Arts အကွက်အကွင်းတွေက ပိုမိုရင့်ကျက်လာပြီး Final Fight အခန်းဆိုရင် တကယ့်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။ ​သရုပ်ဆောင်တွေဖြစ်တဲ့ အခရီ တခအိရှီ နဲ့ ဆအိုရီ အီဇဝ တို့ရဲ့ Chemistry ကတော့ ပြောစရာမလိုအောင် ထပ်တူကျနေဆဲဖြစ်ပြီး၊ ရန်သူအဖြစ် ပါဝင်လာတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ character တွေကလည်း ဇာတ်ကားကို ပိုပြီး အရသာရှိစေပါတယ်။ ဒါရိုက်တာ ယူဂို ဆခမိုတို က ပရိသတ်တွေ ချစ်တဲ့ ဇာတ်ကောင်စရိုက်တွေကို မပျက်စီးစေဘဲ Action ပိုင်းကို ပိုမိုအရှိန်မြှင့် တင်ဆက်သွားတာပဲ ဖြစ်ပါတယ်။ ​ပထမကားကို သဘောကျခဲ့သူတွေရော၊ Action နဲ့ ဟာသကိုမှ အလန်းစား Martial Arts တွေနဲ့ တွဲကြည့်ချင်သူတွေအတွက်ပါ မဖြစ်မနေ ကြည့်သင့်တဲ့ Sequel ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်ခဗျ။

ဇာတ်လမ်းအကြောင်း