ဇာတ်ကားများ ရွေးရန်

He Comes from Planet K

1997ဇာတ်ကားအမှတ် 5/10Blu-ray 1080p

ဒီတစ်ခေါက်မှာတော့ 1997 ခုနှစ်ထွက် ဟောင်ကောင် sci-fi/romantic comedy ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ He Comes from Planet K (1997) ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း “လူဖြစ်ရခြင်း” ရဲ့ အဓိပ္ပါယ်က ဘာလဲ....? ပီကေးဟာ အဆင့်မြင့်နည်းပညာရှိတဲ့ ညီအစ်မဂြိုဟ်ခုနစ်လုံးကနေ ကမ္ဘာမြေကို မတော်တဆ အမှားတစ်ခုကြောင့်ရောက်ရှိလာတဲ့ ဂြိုဟ်သားတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဂြိုဟ်သားစွမ်းအားတွေရှိပေမယ့် လူသားလောကကို မသိသလို လူ့စိတ်ခံစားချက်ကိုလည်း နားမလည်ပါဘူး။ သူ့အတွက် ကမ္ဘာဟာ အရမ်းထူးဆန်းပြီး စိတ်ရှုပ်စရာနေရာတစ်ခုလိုပဲ ဖြစ်နေခဲ့ပါတယ်။သူဟာ ကမ္ဘာမြေပေါ်သို့ရောက်လာပြီး လူသားမိခင်ဖြစ်သူနဲ့ ကွဲကာ လမ်းပျောက်နေတဲ့ အချိန်မှာပဲ ယူအက်ဖ်အိုအသင်းရဲ့ ဥက္ကဋ္ဌ မွန်းနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နဲ့အတူ နေထိုင်စေခဲ့ပါတယ်။ထို့နောက် မွန်းက ပီကေးရဲ့လူသားမိခင်ဖြစ်သူကို ပြန်ရှာဖွေပေးနိူင်ခဲ့ပြီး သူတို့ဟာ ဘဝကြီးကို ပျော်ရွှင်စွာဖြတ်သန်းနေခဲ့ကြပါတော့တယ်။ဂြိုဟ်သားတစ်ဦးဖြစ်တဲ့ ပီကေးဟာ လူသားကမ္ဘာမှာ နေထိုင်ရင်း လူသားတွေရဲ့ စိတ်ခံစားချက် အထီးကျန်ခြင်း၊ အချစ်နဲ့ ယုံကြည်မှု တွေကို တဖြည်းဖြည်း နားလည်လာခဲ့ပါတယ်။တစ်ဖက်မှာလည်း ပီကေးရဲ့ မိခင်ဂြိုဟ်မှ သူ ကမ္ဘာမြေပေါ်မှာ ပိတ်မိနေမှန်း သိသွားပြီး သူ့ကို ပြန်ခေါ်ဖို့ ကြိုးစားလာပါတယ်။ထိုအချိန်မှာပဲ သိပ္ပံပညာရှင်တွေက ပီကေးကို ခြေရာခံမိသွားပြီး သုတေသနလုပ်ရန် ဖမ်းဆီးဖို့ ကြိုးစားလာတဲ့ အချိန်မှာတော့ ပီကေးကို ကာကွယ်ရန် သူ့မိတ်ဆွေများက ဘယ်လိုတွေ ပူးပေါင်းဆောင်ရွက်ကြမလဲ...?ပီကေးဟာ သိပ္ပံပညာရှင်တွေရဲ့ လက်ကလွတ်မြောက်ပြီး သူ့ရဲ့မိခင်ဂြိုဟ်ကမ္ဘာဆီ ပြန်သွားနိူင်ပါ့မလားဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှူခံစားပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း