I Swear
အခုတင်ဆက်ပေးမယ့် 2025 ခုနှစ်က ထွက်ရှိခဲ့တဲ့ I swear ဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေပြုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ဂျွန်ဆိုတဲ့ကောင်လေးဟာ အလယ်တန်းကျောင်းစတတ်တဲ့အရွယ်ရောက်နေပါပြီ။ ဘောလုံးဂိုးဖမ်းတဲ့နေရာမှာလည်း တော်တာမို့ အနာဂတ်က ဖြောင့်ဖြူးနေခဲ့တာပါ။ ဒါပေမယ့် ရုတ်တရက် ဂျွန်ဟာ ကိုယ့်ကိုယ်မထိန်းချုပ်နိုင်ပဲ လူတွေကို တံတွေးနဲ့ထွေးတာတွေ ဆဲရေးတာတွေ ဖြစ်လာပါတော့တယ်။ အချိန်ကလည်း ၁၉၉၀ ပြည့်နှစ်အချိန်တွေဖြစ်နေတာမို့ ဆေးပညာကလည်း အရမ်းမထွန်းကားသေးတဲ့အတွက် ဂျွန်ကို ရောဂါဖြစ်နေတယ်လို့ မတွေးပဲ ဟန်ဆောင်နေတယ်လို့ပဲ မြင်ကြတဲ့အတွက် ဂျွန်တစ်ယောက် အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။ လူတွေက သူ့ကို လှောင်ပြောင်ခဲ့ကြတဲ့အပြင် အဖေကပါ စွန့်ခွာသွားခြင်းကို ခံခဲ့ရတာပါ။ နောက်ပိုင်း သူ့မှာ တောရက်စ်ဆင်ဒရုန်းဆိုတဲ့ရောဂါရှိနေတယ်ဆိုတာကို သိလာခဲ့တဲ့တိုင်အောင် လူတော်တော်များများက သူ့ရဲ့အမူအရာတွေကို သည်းခံနိုင်ခဲ့ခြင်းမရှိပါဘူး။ တစ်ရက်မှာတော့ ဂျွန်ရဲ့သူငယ်ချင်းဖြစ်သူရဲ့အမေ ဒေါ့တီဆိုသူနဲ့တွေ့ပြီး ဂျွန်ရဲ့ဘ၀ကို ပြောင်းလဲသွားပါတော့တယ်။ လူတောမတိုးဝံ့တဲ့ ဂျွန်တစ်ယောက် ဘယ်လိုယုံကြည်မှုတွေရလာမလဲ။ နောက်ပိုင်း သူ့လိုလူတွေကို ဘယ်လိုကူညီပေးမှာလဲ စတာတွေကို ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ် အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ တောရက်စ်ဆင်ဒရုန်းဆိုတာ ဘာမှန်းတောင် ကောင်းကောင်းမသိကြတဲ့ လူတွေကြားမှာ ရှင်သန်ခဲ့ရတဲ့လူတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးမို့ လက်မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Paing Chan Thar ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း