ဇာတ်ကားများ ရွေးရန်

The Haunted Cop Shop

1987ဇာတ်ကားBlu-ray 1080p

ဒီဇာတ်ကားလေးကတော့ The Haunted Cop Shop လို့ အမည်ရတဲ့ ဟောင်ကောင်သရဲ ဟာသကားလေးပဲ ဖြစ်ပါတယ်။ ဟောင်ကောင်က ရဲစခန်းတစ်ခုဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ သိမ်းပိုက်ထားစဉ်က သူတို့ရဲ့ ကလပ်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ စစ်ပြီးသွားတဲ့အခါမှာတော့ အဲဒီကလပ်ထဲမှာ ဂျပန်စစ်သား အများအပြားဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြပါတယ်။ ဒီတော့ သရဲခြောက်တဲ့ရဲစခန်းကြီး ဖြစ်လာတော့တာပေါ့ တစ်နေ့မှာ နာမည်ကြီးလူဆိုး အားဝမ်တစ်ယောက် အဖမ်းခံရပြီး အချုပ်ထဲ ရောက်သွားပါတယ်။ အဲဒီမှာ အချုပ်ခန်းထဲက မကျွတ်မလွတ်ဘဲ ခြောက်လှန့်နေတဲ့ ဝိညာဉ်တွေနဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ အဲဒီသရဲတွေက သူ့ကို လှည့်စားပြီး သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သူ ရန်ငြိုးကြီးလှတဲ့ ဝိညာဉ်ဆိုးကို လွတ်အောင် လုပ်ခိုင်းရာကနေ မြို့ထဲမှာ အကြီးအကျယ် ဒုက္ခပေးပြီး ပရမ်းပတာတွေ ဖြစ်ကုန်ပါတော့တယ်။ ရဲအရာရှိတွေဖြစ်ကြတဲ့ မက်ကီကင်နဲ့ မန်ချူးတို့ သူငယ်ချင်းနှစ်ယောက်ဟာ လူသတ်မှုတစ်ခုကို စုံစမ်းရင်း တရားခံဟာ သာမန်လူသတ်သမားမဟုတ်ဘဲ တကယ့် သွေးစုပ်ဖုတ်ကောင် ဆိုတာ သိလိုက်ရတဲ့ အခါမှာတော့..... မက်ကီနဲ့ မန်ချူးတို့က သူတို့ရဲ့ အထက်အရာရှိ မဒမ်ကို မျက်နှာလုပ်ကြရင်း သရဲဖမ်းရာမှာ ဖြစ်ပေါ်လာတဲ့ အလွဲလေးတွေ ရယ်စရာလေးတွေကို ကြည့်ရှုရမှာဖြစ်ပြီး ဟိုးအရင်ခေတ်က သရဲကားတွေရဲ့ လက်ရာမွန်ကောင်းကို ခံစားကြည့်ရှုရင်း.... တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ''သရဲခြောက်တဲ့ ရဲစခန်း'' ဇာတ်ကားလေးကို ပေါ့ပါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ရင်း ခံစားကြည့်ရှုလိုက်ပါနော်.... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း