ဇာတ်ကားများ ရွေးရန်

Kidnapped: Elizabeth Smart

2026ဇာတ်ကားWeb-dl 1080p

2000 ခုနှစ်မှာတုန်းက ပြန်ပေးဆွဲခံရတဲ့ Utah, Salt Lake City က အသက် 14နှစ်အရွယ်မိန်းကလေး အဲလိဇဘက်ရဲ့ ခြောက်ခြားဖွယ်အတွေ့အကြုံကို Netflix က Crime Documentary အဖြစ် တင်ဆက်ထားခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ အမှုဖြစ်တာကြောင့် version အမျိုးမျိုးနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ခဲ့ပေမယ့် ဒီမှာတော့ ကာယကံရှင်တွေကို အင်တာဗျူးလုပ်တဲ့အပိုင်းကို အဓိကထည့်ထားပါတယ်။ ကိုယ့်ရဲမကောင်းမှုကို ဘာသာရေးအကာအကွယ်ယူပြီး ထင်တိုင်းကြဲနေတဲ့ အစွန်းရောက်လူယုတ်မာတွေအကြောင်းနဲ့ အဲဒီခေတ်က စနစ်နဲ့ကြန့်ကြာမှုတွေကိုပါ ‌ဖော်ပြထားပါတယ်။ အကျဉ်းချုပ်ပြောရရင် အဲလိဇဘက်က သူ့ညီမလေးနဲ့ တစ်ခန်းတည်းအတူအိပ်ရင်း ပြန်ပေးဆွဲခံရတာပါ။ ညီမဖြစ်သူမယ်ရီက ပြန်ပေးသမားရဲ့အသံကို ရင်းနှီးနေပြီး ဘယ်သူမှန်း သေချာမသိဘူးလို့ ထွက်ဆိုပါတယ်။ သူတို့မိသားစုက လူချစ်လူခင်ပေါသူတွေမို့ ရဲတွေအပြင် တစ်မြို့လုံးကလူတွေက ကူရှာပေးခဲ့ပေမယ့် အစအနတောင် မတွေ့ရပါဘူး။ ရဲတွေထင်ထားတဲ့ သံသယရှိသူကလည်း တရားခံအစစ်ဟုတ်နေဘဲ ဇာတ်မျောဖြစ်နေတဲ့အချိန် မယ်ရီက တရားခံရဲ့နာမည်ကို မှတ်မိသွားပါတယ်။ ဒီလိုနဲ့ မယ်ရီကျေးဇူးနဲ့ အားမလျှော့တဲ့ မိသားစုဝင်‌တွေကြောင့် အဲလိဇဘက်ကို တရားခံနဲ့အတူ ပြန်ရှာတွေ့ခဲ့ပြီး 14နှစ်အရွယ်နဲ့ကြုံခဲ့ရတဲ့ ငရဲခန်းကို ဖွင့်ဟထွက်ဆိုထားတာ တွေ့ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း