ဇာတ်ကားများ ရွေးရန်

Mash Ville

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားဟာ ကိုရီးယား ကျေးလက်ဒေသတစ်ခုမှာ အခြေတည်ထားပြီး ပုံမှန်ကိုရီးယားကားတွေနဲ့ မတူဘဲ အနောက်တိုင်းစတိုင်လ် ရောစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားဆန်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အရက်ပုန်းချက်လုပ်ရောင်းချတဲ့ ညီအစ်ကိုတွေအကြောင်းက စတင်ထားပါတယ်။ သူတို့ချက်လိုက်တဲ့ အရက်ပုန်းအသုတ်တစ်ခုက မတော်တဆ အဆိပ်သင့်ပြီး သောက်သုံးသူတစ်ယောက် သေဆုံးသွားတဲ့အခါ ပြဿနာစတက်ပါတော့တယ်။ ဒီတော့ သူတို့ဖြန့်ဖြူးထားတဲ့ အရက်ပုလင်းတွေကို တခြားလူတွေ ထပ်မသောက်မိခင် လိုက်ပြန်သိမ်းဖို့ ကြိုးစားကြရပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီမြို့လေးထဲမှာ ဘာသာရေးအယူသီးတဲ့ လူသတ်သမားနှစ်ယောက်ကလည်း ရောက်နေပြီး သူတို့ရဲ့ ယုံကြည်မှုအရ လူ ၁၂ ယောက်ကို ယဇ်ပူဇော်ဖို့ လိုက်သတ်နေကြပါတယ်။ အဲဒီအပြင် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့နဲ့ ရူးကြောင်ကြောင် ရဲတစ်ယောက်ပါ ဒီအရှုပ်တော်ပုံထဲ ပါလာတဲ့အခါမှာတော့... လူသတ်သမားတွေ၊ အရက်ပုန်းသမားတွေနဲ့ ထူးဆန်းတဲ့မြို့ခံတွေကြားက ဗရုတ်သုက္ခ၊ ဟာသ နဲ့ အက်ရှင်ခန်းတွေကို မြင်တွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ ဒီကားက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး နည်းနည်းကြမ်းတဲ့ Black Comedy ကားမျိုး ကြိုက်သူတွေ၊ ပုံစံခွက်ထဲကနေ ကွဲထွက်နေတဲ့ ကိုရီးယား Indie ဇာတ်ကားကောင်းတွေကို ရှာဖွေကြည့်ရှုသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း