ဇာတ်ကားများ ရွေးရန်

Cheekati Lo

2026ဇာတ်ကားWeb-dl 1080p

အမျိုးသမီးတွေကို အဓမ္မကျင့်ပြီး သတ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖော်ထုတ်ရတဲ့ မှုခင်းဇာတ်ကားလေးပါ။ ဆန်ဒီယာ ဆိုတဲ့ အမျိုးသမီးက "Cheekatilo" လို့ခေါ်တဲ့ ပေါ့ကတ်စ် တစ်ခုထောင်ပြီး ရာဇဝတ်မှုတွေအကြောင်း မှန်မှန်ကန်ကန် သတင်းထုတ်ပြန်ပေးတယ်။ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း ဘော်ဘီကို အဓမ္မကျင့်သတ်သွားတဲ့ လူသတ်သမားကို စုံစမ်းရင်း လူသတ်သမားက လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက အလားတူပြစ်မှုတွေ ကျူးလွန်ထားတယ်ဆိုတာ သိလိုက်ရတယ်။ နောက်ဆုံးမှာ လူသတ်သမားက အားလုံး ထင်မှတ်မထားတဲ့သူ ဖြစ်နေပြီးတော့ သူ ဘာကြောင့် ဒီလိုလုပ်ရက်တွေ ကျူးလွန်ရသလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရာဂျေ့ဗ် အဖြစ် မင်းသား Avasarala Srinivas ၊ အာမာ အဖြစ် မင်းသား Abhiram Daggubati နဲ့ ဆန်ဒီယာ အဖြစ် မင်းသမီး Chandini Chowdary တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း