ဇာတ်ကားများ ရွေးရန်

Fear

1996ဇာတ်ကားBlu-ray 1080p

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၁၉၉၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Fear ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ထွက်ထားတာ ကြာပြီဆိုပေမယ့် IMDb 6.2 တောင်ရထားတာမို့ ဟောင်းနေပေမယ့် ကောင်းနေဆဲဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးအကျဉ်းချုပ်ကတော့ နီကိုး‌ဝေါ့ကာဟာ အဖေဖြစ်သူရယ် မိထွေးရယ်နဲ့ နေ‌ထိုင်နေရတဲ့ကောင်မလေးတစ်ယောက်ပါ။ အသက်ကိုးနှစ်အရွယ်တုန်းက စွန့်ပစ်သွားတဲ့ အဖေနဲ့ ပြန်နေတာ တစ်နှစ်လောက်ပဲရှိသေးတဲ့ နီကိုးအတွက် ဆက်ဆံရေးက သိပ်အဆင်ပြေမနေခဲ့ပါဘူး။ တစ်နေ့မှာတော့ နီကိုးတို့သူငယ်ချင်းတစ်သိုက် အတန်းလစ်ပြီး ဘားတစ်ခုကိုခိုးသွားပါတယ်။ အဲ့မှာ ဆယ်ကျော်သက်ပဲရှိသေးတဲ့နီကိုးဟာ ဘားမှာ ဒေး‌ဗစ်ဆိုတဲ့ ခပ်မိုက်မိုက်ဘဲတစ်ပွေကို တွေ့ပြီး သဘောကျသွားပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် နီးစပ်သွားပြီး အဖေဖြစ်သူ ‌စတီဗင်ဝေါ့ကာနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ စတီဗင်ကတော့ ဒေးဗစ်ပုံစံကို သိပ်သဘောမကျတဲ့အတွက် သူတို့နှစ်ယောက်ကို ခွဲဖို့ကြိုးစားပါတော့တယ်။ နဂိုကတည်းက နီကိုးတစ်ယောက် သူ့အဖေကို ငယ်ဘ၀က စိတ်ဒဏ်ရာတွေကြောင့် မကျေနပ်နေတဲ့အချိန်မှာ အခုလည်း သူတို့ချစ်ခြင်းကို ခွဲရမလားဆိုပြီး ပေါက်ကွဲပါတော့တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ နီကိုးတစ်ယောက် ဒေးဗစ်ရဲ့သူမသိသေးတဲ့အကြောင်းတွေကို သိလိုက်ရတဲ့အခါမှာ အရမ်းတုန်လှုပ်သွားပါတော့တယ်။ ဒီတော့ ဒေးဗစ်ရဲ့ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေက ဘာတွေလဲ။ နီကိုးတို့ ဘာတွေဖြစ်မလဲ။ စတာတွေကို ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ စိတ္တဇဆန်ဆန်ပုံစံတွေကို ကြိုက်နှစ်သက်သူတွေအတွက် လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးမို့ အခုပဲကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Paing Chan Thar ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း