ဇာတ်ကားများ ရွေးရန်

The Exit 8

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးက နာမည်ကျော် "The Exit 8" ဆိုတဲ့ Video Game ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Japanese Mystery Thriller ဇာတ်ကားလေးဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ မြေအောက်ဘူတာရုံ စင်္ကြံလမ်းတစ်ခုထဲမှာ ပိတ်မိနေတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ မီးချောင်းတွေ ထိန်ထိန်လင်းနေတဲ့ မြေအောက်စင်္ကြံလမ်းတစ်ခုမှာ လမ်းလျှောက်နေပါတယ် ဒါပေမဲ့ ဘယ်လောက်ပဲ အချိန်တွေ ကုန်လွန်သွားပါစေ "ထွက်ပေါက်" ဆီကိုတော့ လုံးဝ မရောက်နိုင်ခဲ့ပါဘူး။ ​ အဲဒီလူရဲ့အနားကနေ ဖြတ်လျှောက်သွားနေတဲ့ ဝတ်စုံပြည့်ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ဆီမှာ တစ်ခုခု ထူးဆန်းနေတယ်ဆိုတာကို ခံစားမိလာပြီး အဲဒီလူဟာ ဒီမြေအောက်လမ်းကြားထဲမှာအထပ်ထပ်အခါခါ ပတ်ချာလည် လျှောက်နေမိတယ်ဆိုတာကို သတိပြုမိသွားပါတယ်။ Exit 8 ထွက်ပေါက်၈ ကနေ အပြင်ကို ထွက်ရမှာ ဖြစ်ပြီး မူမမှန်တာ တွေ့ရင် ချက်ချင်း ပြန်လှည့်ရမှာ ဖြစ်ပါတယ်။ သူ့ရွေးချယ်မှု မှန်ကန်ရင်တော့ ထွက်ပေါက်၈ကို ရောက်မှာဖြစ်ပြီး မမှန်ရင်တော့ မူလအစကို ပြန်ရောက်သွားပါတယ်။ ရုတ်တရက် လမ်းပျောက်သွားခဲ့တဲ့ ဒီအဆုံးမရှိတဲ့ စင်္ကြံလမ်းမကြီးထဲကနေ အဲဒီလူဟာ အောင်အောင်မြင်မြင် လွတ်မြောက်နိုင်ပါ့မလား စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း