ဇာတ်ကားများ ရွေးရန်

The Shameless

2024ဇာတ်ကားWeb-dl 1080p

ဇာတ်လမ်းက အိန္ဒိယနိုင်ငံရဲ့ မှောင်မိုက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူ့အဖွဲ့အစည်းကြားကနေ စတင်ထားပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်သူ ရေနူကာ (Renuka) ဟာ ဖိနှိပ်ခံဘဝကနေ ရုန်းကန်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး၊ မတော်တဆမှုတစ်ခုကြောင့် ရဲအရာရှိတစ်ယောက်ကို သတ်မိကာ ထွက်ပြေးတိမ်းရှောင်နေရသူပါ။ ဥပဒေရဲ့ လက်က လွတ်မြောက်ဖို့ ကြိုးစားရင်း မြောက်ပိုင်းက ရပ်ရွာတစ်ခုမှာ ပုန်းအောင်းနေရပါတယ်။ ဒီလိုထွက်ပြေးရင်းနဲ့မှ သူမဟာ ဒေဝီကာ (Devika) ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒေဝီကာကလည်း မိရိုးဖလာ ဓလေ့ဆိုးတွေကြောင့် မလိုလားအပ်တဲ့ ဘဝတစ်ခုထဲကို အတင်းအဓမ္မ တွန်းပို့ခံထားရသူ ဖြစ်နေပါတယ်။ ဘဝတူ၊ ရေစက်တူတဲ့ သူတို့နှစ်ယောက်ကြားမှာ နားလည်မှုတွေ၊ သံယောဇဉ်တွေ တဖြည်းဖြည်း တိုးလာပြီးနောက်မှာတော့ ဒီငရဲခန်းလိုနေရာကနေ အတူတူ ရုန်းထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒီရုပ်ရှင်က ဖိနှိပ်ခံ ဘဝတွေကနေ ရုန်းထွက်ဖို့ ကြိုးစားကြတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ တော်လှန်မှု၊ တားမြစ်ထားတဲ့ အချစ်နဲ့ စွန့်စားခန်းတွေကို Neo-noir ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ရုပ်ရှင်ရဲ့ အငွေ့အသက်က ကြမ်းတမ်းပေမယ့် လှပပြီး၊ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို ပရိသတ်အသည်းထဲရောက်အောင် ပို့ပေးနိုင်ပါတယ်။ အထူးသဖြင့် မင်းသမီး Anasuya Sengupta ရဲ့ သရုပ်ဆောင်ချက်တွေက အရမ်းပိုင်နိုင်လွန်းလို့ ၂၀၂၄ Cannes ရုပ်ရှင်ပွဲတော် (Un Certain Regard) မှာ Best Actress ဆုကိုပါ ဆွတ်ခူးထားပါတယ်။ အမှောင်လောကထဲက အလင်းရောင်တစ်ခုကို ရှာဖွေကြမယ့် သူတို့နှစ်ယောက် လွတ်မြောက်ပါ့မလား၊ ကံကြမ္မာကရော သူတို့ကို ဘယ်လိုမျက်နှာသာပေးမလဲ ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ကိုယ်တိုင်ပဲ ဆက်လက်စီးမျှော ခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Lin Aung ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း