Dog 51
ဒီနေ့တော့ ပရိတ်သတ်ကြီးတို့ကို ၂၀၂၅ ခုနှစ်က ထွက်ရှိထားတဲ့ ပြင်သစ်သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့ Dog 51နဲ့မိတ်ဆက်ပေးချင်ပါတယ်နော်။ ဒီဇာတ်ကားဟာ ပြင်သစ်စာရေးဆရာကြီး Laurent Gaudé ရဲ့ ဝတ္ထုကို အခြေခံထားပြီး အယ်လ်မာလို့ခေါ်တဲ့ AI စနစ်ကြီးက အစိုးရသဖွယ် အုပ်ချုပ်နေတဲ့ အနာဂတ်ကမ္ဘာကြီးအကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းထဲမှာတော့ အနာဂတ် ပါရီမြို့ကြီးဟာ ပြည်တွင်းစစ်တွေနဲ့ စီးပွားရေးပျက်ကပ်တွေကြောင့် ပြိုလဲလုနီးပါး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဂိုးမန်းလို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းကြီးက မြို့ကို ဝယ်ယူလိုက်ပြီး အယ်လ်မာလို့ခေါ်တဲ့ အဆင့်မြင့် AI စနစ်တစ်ခုကို အသုံးပြုကာ မြို့ပြကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်။မြို့သားတွေကိုတော့ သူတို့ရဲ့ အသုံးဝင်မှုအပေါ် မူတည်ပြီး ဇုန်၁ ဇုန်၂ ဇုန်၃ဆိုပြီး ခွဲခြားထားပါတယ်။ မင်းသား ဆာလီယာဟာ အရင်က ဇုန်၃မှာ နေခဲ့ရတဲ့ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပေမဲ့ အယ်လ်မာရဲ့ ခွင့်ပြုချက်နဲ့ ဇုန်၁မှာ အလုပ်လုပ်ခွင့်ရနေသူပါ။ တစ်နေ့မှာတော့ ဇုန်၁ရဲ့ ထိပ်တန်းအရာရှိတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ဆာလီယာဟာ စုံထောက်မလေး အာရီရန်နီနဲ့ တွဲဖက်ပေးခြင်း ခံရပါတယ်။ သူတို့နှစ်ယောက်ဟာ အယ်လ်မာစနစ်ရဲ့ အကူအညီနဲ့ လူသတ်သမားကို လိုက်လံစုံစမ်းရင်း၊ အယ်လ်မာကိုယ်တိုင် ဖုံးကွယ်ထားတဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုနဲ့ အုပ်ချုပ်သူလူတန်းစားတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ….. Dog 51ကားဟာ ရိုးရိုးအက်ရှင်ကားထက် တွေးစရာတွေ အများကြီးပေးနိုင်တဲ့ Sci-Fi Thrillerအမျိုးအစားကားမျိုးပဲဖြစ်ပါတယ်။ နည်းပညာနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေကို ကြိုက်တဲ့သူတွေအတွက် 8.5/10 အထိပေးလို့ရနိုင်တဲ့ ကားကောင်းတစ်ကားလို့လည်း ပြောလို့ရပါတယ်ရှင့်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ pyae yati ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း