ဇာတ်ကားများ ရွေးရန်

David

2025ဇာတ်ကားWeb-dl 4K SDR

၂၀၂၅ ခုနှစ်မှာ ထွက်လာတဲ့ "David" ရုပ်ရှင်က Angel Studios (The Chosen စီးရီးကို ထုတ်လုပ်တဲ့အဖွဲ့) ကနေ တင်ဆက်လာတဲ့ အကြီးစား Animated Musical ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား သမ္မာကျမ်းစာထဲက "ဘုရင်ဒေးဗစ်" (King David) အကြောင်းပါပဲ။ ဒါပေမဲ့ ဒီကားက ဘာထူးခြားလဲဆိုတော့... သာမန် ဘာသာရေးကားလို တရားဟောတဲ့ပုံစံမျိုး မဟုတ်ဘဲ၊ Disney ရဲ့ Tangled တို့၊ The Prince of Egypt တို့လိုမျိုး သီချင်းတွေ၊ အကတွေနဲ့ မြူးမြူးကြွကြွ တင်ဆက်မယ့် Musical ပုံစံ ဖြစ်နေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့... သိုးကျောင်းသားလေး ဒေးဗစ်ရဲ့ ဘဝအစကနေ စထားတယ်။ သူက သီချင်းရေးစပ်တာ ဝါသနာပါပြီး ကဗျာဆန်တဲ့ ကောင်လေးတစ်ယောက်ပေါ့။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အခြေအနေမှာ ဧရာမ လူဘီလူးကြီး Goliath နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရတာတွေ၊ အစ္စရေးလူမျိုးတွေရဲ့ ဘုရင်တစ်ပါး ဖြစ်လာပုံတွေကို ရိုက်ပြသွားမှာပါ။ ဒီကားမှာ ဒေးဗစ်ကို သူရဲကောင်းတစ်ယောက် အနေနဲ့တင် မဟုတ်ဘဲ၊ လူသားဆန်တဲ့ ခံစားချက်တွေ၊ အမှားနဲ့အမှန်ကြားက ဒွိဟတွေနဲ့ ဂီတကို မြတ်နိုးတဲ့ စိတ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ကူးထားတယ်လို့ သိရပါတယ်။ Animation အရည်အသွေးကလည်း Disney/Pixar အဆင့်မီအောင် ဖန်တီးထားတာမို့ ကလေးရော လူကြီးပါ သဘောကျမယ့် ကားကောင်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kim ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း