Mrs.
* App တွေထဲက Movie Request ကနေတောင်းထားတဲ့ဇာတ်ကားပါ အကကို ဝါသနာပါပြီး ဘဝကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းချင်တဲ့ မိန်းကလေးတစ်ယောက်၊ အိမ်ထောင်ပြုလိုက်တဲ့အခါ ဘာတွေပြောင်းလဲသွားမလဲ။ ဒီဇာတ်ကားကတော့ အိမ်ထောင်ရှင်မတွေရဲ့ မီးဖိုချောင်ထဲက မမြင်ရတဲ့ တိုက်ပွဲကို ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ နာမည်ကြီး Malayalam ဇာတ်ကား "The Great Indian Kitchen" ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသမီး Sanya Malhotra က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ရီချာဆိုတဲ့ ကောင်မလေးဟာ ချစ်စရာကောင်းပြီး ပညာတတ်၊ အကဝါသနာပါသူတစ်ယောက်ပါ။ ဒါပေမဲ့ မိဘတွေစီစဉ်တဲ့ အိမ်ထောင်ရေးတစ်ခုကို လက်ခံလိုက်တဲ့အခါမှာတော့ သူမရဲ့ကမ္ဘာလေးက မီးဖိုချောင်လေးထဲမှာပဲ ကျဉ်းမြောင်းသွားပါတော့တယ်။ ယောကျာ်းဖြစ်သူက အပြင်မှာ အလုပ်လုပ်၊ အိမ်ပြန်ရောက်ရင် အနားယူပေမဲ့ သူမကတော့ မနက်မိုးလင်းကနေ မိုးချုပ်အထိ ချက်ပြုတ်ဆေးကြော၊ အိမ်မှုကိစ္စတွေနဲ့ပဲ လုံးပန်းနေရပြီး သူမရဲ့ ဝါသနာတွေကို မေ့ထားလိုက်ရပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်က အိမ်တွင်းအကြမ်းဖက်မှုကို ရိုက်ပြတာမျိုးမဟုတ်ဘဲ၊ "တာဝန်" ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အမျိုးသမီးတစ်ယောက်ရဲ့ အိပ်မက်နဲ့ ကိုယ်ပိုင်အမှတ်အသား (Identity) တွေ တဖြည်းဖြည်း ပျောက်ဆုံးသွားပုံကို သိမ်သိမ်မွေ့မွေ့နဲ့ ထိထိမိမိ တင်ဆက်ထားတာပါ။ ယောကျာ်းဖြစ်သူရဲ့ ဂရုမစိုက်မှုတွေ၊ ယောက္ခမတွေရဲ့ ရှေးရိုးစွဲအမြင်တွေကြားမှာ ရီချာတစ်ယောက် ဘယ်လို ရုန်းကန်မလဲ၊ သူမရဲ့ ပျောက်ဆုံးသွားတဲ့ အိပ်မက်တွေကို ပြန်ရှာတွေ့နိုင်ပါ့မလား။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Lin Aung ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း