Ouija 4 or Are You There
ဒီတစ်ခေါက်မှာတော့ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် Are You Here (2015) ဆိုတဲ့ ဟောင်ကောင် Horror ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း အားလွမ်နဲ့ သူငယ်ချင်း၃ ယောက်ဟာ ပရိုဂရမ်ရေးဆွဲသူတွေဖြစ်ပြီး အွန်လိုင်းဂိမ်း ဒီဇိုင်းလုပ်တဲ့ လူငယ်တွေ ဖြစ်ပါတယ်။တစ်နေ့မှာတော့ သေဆုံးသွားပြီးသား လူတစ်ယောက်ရဲ့ ရေးဆွဲလို့မပြီးဆုံးခဲ့သော အွိုင်ဂျာဘုတ်ဆိုတဲ့ သရဲခေါ်ဂိမ်းကို အွန်လိုင်းဂိမ်းအဖြစ် အပြီးသတ်အောင်လုပ်ပေးဖို့ အလုပ်အပ်တာကို လက်ခံရရှိခဲ့ပါတယ်။သူတို့ဟာ လူငယ်တွေဖြစ်တာကြောင့် အန္တရာယ်ကို မစဉ်းစားဘဲ အလုပ်ကို လက်ခံလိုက်ကြပါတယ်။အလုပ်လက်ခံပြီး မကြာခင်မှာပဲ တစ်ယောက်ချင်းစီမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံလာရပါတော့တယ်။ မမြင်ရတဲ့အရာတစ်ခုက သူတို့နောက်လိုက်နေသလို ခံစားခဲ့ရပြီး သူတို့ဘဝတွေကို တဖြည်းဖြည်း ခြောက်လှန့်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့သူငယ်ချင်းလေးယောက်ထဲမှ နှစ်ယောက်ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ သေဆုံးသွားတဲ့ အခါမှာတော့.....သူတို့လေးယောက်ဟာ ဘာလို့ ဒီလိုအန္တရာယ်မျိုးနဲ့ ကြုံရတာလဲ..? သူတို့နောက်ကို လိုက်နေတဲ့အရာကရော ဘာဖြစ်မလဲ..? ကျန်တဲ့ နှစ်ယောက်ရော အသက်ရှင်ကျန်နေနိူင်ပါမလား...?ဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း