ဇာတ်ကားများ ရွေးရန်

Tube

2003ဇာတ်ကားWeb-dl 1080p

- Movie Request ထဲက ဇာတ်ကားတစ်ကားဖြစ်ပါသည်။ ဆိုးလ်မြို့တော်ရဲ့ အရှုပ်ထွေးဆုံး မြေအောက်ရထားလမ်းကြောင်းဟာ သေမင်းတမန်ကွင်းပြင်တစ်ခု ဖြစ်လာတဲ့အခါ... နိုင်ငံတော်က လျှို့ဝှက်မွေးထုတ်ထားပြီးမှ စွန့်ပစ်ခံလိုက်ရတဲ့ ထိပ်တန်းအေးဂျင့်ဟောင်းဂန်ဂီထက်ဟာ သူ့ကိုသစ္စာဖောက်ခဲ့တဲ့အစိုးရကို လက်တုံ့ပြန်ဖို့ပြန်ရောက်လာပါတယ်။ သူ့ရဲ့နည်းလမ်းကတော့ ရက်စက်ပြီး သွေးအေးလွန်းပါတယ်။ မြေအောက်ရထား အမှတ် ၇၁၀၃ ကိုပြန်ပေးဆွဲပြီး ဗုံးတွေတပ်ဆင်ကာ ထိန်းချုပ်မရတဲ့အရှိန်နဲ့ မောင်းနှင်စေလိုက်တာပါ။ ဒီအခြေအနေကိုတားဆီးဖို့ တစ်ယောက်တည်းသော မျှော်လင့်ချက်ကတော့ စုံထောက် ဂျန်းဒိုဂျွန်းပါ။ ဂျန်းဒိုဂျွန်းကတော့ ရာဇဝတ်သားတွေကိုဖမ်းဆီးဖို့ဆိုရင် အသက်ကိုတောင်ပဓာနမထားဘဲ ရင်ဆိုင်ရဲသူတစ်ဦးဖြစ်ပါတယ်။ အဲဒီအပြင် ဂျန်းဒိုဂျွန်းနဲ့ဂန်ဂီထက်မှာလည်း အငြိုးအတေးဟောင်းတစ်ခုရှိလို့နေပါတယ်။ အဲဒီအငြိုးအတေးက ဘာဖြစ်မလဲ? အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ ရထားတစ်စင်းပေါ်မှာ၊ ကျဉ်းမြောင်းတဲ့ နေရာလွတ်တွေကြားမှာ ကျွမ်းကျင်တဲ့အကြမ်းဖက်သမားနဲ့စုံထောက်တို့ရဲ့အသက်လုတိုက်ပွဲကို တွေ့မြင်ရမှာပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း