Cursed
၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီCursed ဇာတ်ကားဟာ နာမည်ကျော်ထိတ်လန့်ဖွယ်ရာရုပ်ရှင် Screamကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Wes Cravenရိုက်ကူးထားတဲ့ လူသားဝံပလွေအမျိုးအစား Horrorကားလေးဖြစ်ပါတယ်ရှင့်။ ဒီဇာတ်ကားဟာ လော့စ်အန်ဂျလက်စ်မြို့မှာ နေထိုင်ကြတဲ့ မောင်နှမနှစ်ယောက်ဖြစ်တဲ့ အဲလီနဲ့ ဂျင်မီတို့ကို အဓိကဇာတ်အိမ်တည်ထားပါတယ်။ တစ်ညမှာ သူတို့နှစ်ယောက်ဟာ ကားအက်စီးဒင့်ဖြစ်ပြီး တောထဲမှာ ထူးဆန်းတဲ့ သတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာ သူတို့မောင်နှမနှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာပါတော့တယ်။ သူတို့ဟာ အရင်ကထက် ခွန်အားတွေ ပိုရှိလာသလို၊ အာရုံခံစားမှုတွေလည်း ပိုစူးရှလာပါတယ်။ သူတို့ဟာ လူသားဝံပလွေအဖြစ် လုံးဝမပြောင်းလဲသွားခင်မှာ သူတို့ကို ကိုက်ခဲ့တဲ့ "မူရင်းလူသားဝံပလွေ" ကို ရှာဖွေပြီး ဒီကျိန်စာကို ဖြတ်တောက်ဖို့ ကြိုးစားရတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ရှင့်။ ဒီကားက သွေးစုပ်ဖုတ်ကောင်ကားတွေထက် လူသားဝံပလွေကားတွေကိုမှ စွဲစွဲမြဲမြဲ ကြိုက်တတ်တဲ့ပရိတ်သတ်တွေအတွက်တော့ အပန်းဖြေကြည့်ဖို့အတွက် သင့်တော်ပါတယ်။ ဇာတ်လမ်းက သိပ်မရှုပ်ထွေးတဲ့အတွက် လူငယ်ဆန်တဲ့ Horror vibeလေးကို ခံစားရမှာဖြစ်ပါတယ်ရှင့်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ pyae yati ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း