In Love and War
ဒီဇာတ်ကားဟာ စစ်ပွဲနောက်ခံ ဇာတ်ကားဆိုပေမဲ့ တိုက်ခိုက်ပစ်ခတ်မှုတွေချည်းပဲ ဦးစားမပေးဘဲ ဟာသ၊ အချစ်နဲ့လူသားချင်းစာနာမှုအကြောင်းကို ရောနှောရိုက်ကူးထားတဲ့ (Drama + Comedy)အမျိုးအစား ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ် ကိုရီးယားစစ်ပွဲကာလမှာ မြောက်ကိုရီးယားစစ်တပ်ဟာ ဆော့ဂျောင်ရီ လို့ခေါ်တဲ့ တောင်ကိုရီးယားရွာလေးတစ်ရွာကိုသိမ်းပိုက်ဖို့ ရောက်လာပါတယ်။ ဒီရွာက လူတွေဟာ စစ်ပွဲအကြောင်း သိပ်နားမလည်ကြတဲ့ ရိုးသားတဲ့တောသူတောင်သားတွေပါ။ ရွာသားတွေဟာ သေနတ်ကိုင်ပြီး ရောက်လာတဲ့မြောက်ကိုရီးယားစစ်သားတွေကို ကြောက်လန့်ပြီး အသက်ဘေးက လွတ်အောင်နည်းလမ်းရှာကြရပါတယ်။ သူတို့တွေ့ရှိသွားတဲ့ နည်းလမ်းကတော့ "မြောက်ကိုရီးယားတပ်တွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ကွန်မြူနစ်ထောက်ခံသူတွေအဖြစ် ဟန်ဆောင်ဖို့" ပါပဲ။ ဒီလိုနဲ့ ရွာသားတွေရဲ့အူကြောင်ကြောင် ဟန်ဆောင်မှုတွေကြောင့် ရယ်စရာအလွဲတွေဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း မြောက်ကိုရီးယားတပ်ဗိုလ် ဂင်ဂျောင်ဝန်း မှာလည်း တောင်ကိုရီးယားကိုလာတာ ငယ်ချစ်ဦးကိုတွေ့ဖို့ဆိုတဲ့ အကြောင်းအရင်းတစ်ခုရှိနေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရန်သူလို့ သတ်မှတ်ထားတဲ့ စစ်သားတွေနဲ့ရွာသားတွေကြားမှာ သံယောဇဉ်တွေ တွယ်လာကြပြီး၊ စစ်ပွဲရဲ့ ရက်စက်မှုအောက်မှာ လူသားဆန်မှုက ဘယ်လိုအရေးပါသလဲဆိုတာကို မျက်ရည်လည်ရလောက်အောင် ပုံဖော်ပြသသွားတဲ့ဇာတ်ကားလေးပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း