ဇာတ်ကားများ ရွေးရန်

We Bury the Dead

2024ဇာတ်ကားWeb-dl 1080p

တက်စ်မေးနီးယားဆိုတဲ့ ဩစတြေးလျကမ်းရိုးတန်းဒေသဘက်မှာ US စစ်တပ်က လက်နက်စမ်းသပ်မှုမှားယွင်းရာကနေ ဒီကပ်ဆိုးကြီး စခဲ့တာပါ။ လက်နက်ပေါက်ကွဲမှုကြောင့် တစ်ကျွန်းလုံးက လူတွေ အာရုံကြော အကြီးအကျယ်ထိခိုက်ပြီး အသက်ဆုံးရှုံးကုန်ပါတယ်။ ဒီအဖြစ်ကြောင့် US သမ္မတကို UNနဲ့ ဩစတြေးလျဘက်က ဖိအားပေးနေပြီး သေဆုံးသူတွေကို သယ်ယူဖို့ Volunteer တွေ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုလူတွေထဲမှာ အများစုက သူတို့မိသားစုဝင်တွေ ချစ်ရတဲ့သူတွေကို ရှာဖွေဖို့ အလောင်းသယ်ဖို့ စာရင်းပေးခဲ့ကြပါတယ်။ အဓိကဇာတ်ကောင်ဖြစ်သူအေဗာကလည်း အဲဒီမြို့မှာ အလုပ်ကိစ္စနဲ့ရောက်နေတဲ့ သူ့ယောကျာ်းကို ရှာချင်လို့လိုက်လာတာပါ။ ထူးဆန်းတာက သေပြီးသားတချို့လူတွေက ဖုတ်ကောင်တွေလိုမျိုး အသက်ပြန်ဝင်လာတဲ့အတွက် စစ်တပ်ဘက်က အမြစ်ပြတ်ရှင်းနေရပါတယ်။ ဒီလိုဗြောင်းဆန်နေတဲ့ အခြေအနေတွေထဲမှာ အေဗာက လုပ်စရာရှိတာလုပ်ရင်း ပူဆွေးရင်းနဲ့ ယောကျာ်းဖြစ်သူကို လိုက်ရှာတာကို တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း