ဇာတ်ကားများ ရွေးရန်

Vanvaas

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ မိသားစုမေတ္တာ၊ သံယောဇဉ်နဲ့ လူ့စိတ်သဘောထားရဲ့ အနိမ့်အမြင့်တွေကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ မှတ်ဉာဏ်တွေ ချို့ယွင်းနေတဲ့ အဖိုးအိုတစ်ယောက်ကို သူ့ရဲ့ သားသမီးအရင်းတွေက ဘုရားဖူးပို့မယ်ဆိုပြီး ခရီးထွက်လာရာကနေ ဇာတ်လမ်းစတင်ထားတာပါ။ ဝမ်းနည်းစရာကောင်းတာက သားသမီးတွေဟာ အဖေအိုကြီးကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို သဘောထားပြီး လူစည်ကားတဲ့ အရပ်ဒေသမှာ ရက်ရက်စက်စက် စွန့်ပစ်ခဲ့ကြပါတယ်။ ကိုယ့်သွေးသားရင်းတွေက စွန့်ပစ်သွားပေမဲ့ လမ်းဘေးက သူစိမ်းတစ်ယောက်ကတော့ ဒီအဖိုးအိုကို သားရင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပြီး ပရိသတ်တွေရဲ့ မျက်ရည်ကို အစစ်ထုတ်ယူမဲ့ ဇာတ်လမ်းမျိုးပါ။ ကိုယ့်အပေါ် နားလည်ကြင်နာပေးသူကသာ စစ်မှန်တဲ့ မိသားစုဖြစ်တယ်ဆိုတာကို သင်ခန်းစာပေးထားတာမို့ မိသားစုနဲ့အတူတူ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း