ဇာတ်ကားများ ရွေးရန်

Hamnet

2025ဇာတ်ကားအမှတ် 8/10Web-dl 1080p

"ငါ့အသက်ကို နင့်ကို ပေးမယ်... နင် နေပြန်ကောင်း သွားမှာပါ" "သေဆုံးခြင်းဆိုတဲ့ အိပ်စက်မှုထဲမှာ ဘယ်လိုအိပ်မက်တွေ မက်မလဲ... ဒီခန္ဓာကိုယ်ကြီးကို စွန့်ခွာထွက်သွားတဲ့အခါပေါ့" ကမ္ဘာကျော် စာဆိုတော်ကြီး ဝီလျံ ရှိတ်စပီးယားရဲ့ ဂန္ထဝင်လက်ရာ "Hamlet" ပြဇာတ်ကြီး မမွေးဖွားခင်မှာ ပေးဆပ်လိုက်ရတဲ့ သွေး၊ မျက်ရည်နဲ့ မိသားစုဘဝတစ်ခုရဲ့ အက်ကွဲသံတွေကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် မင်းသား Paul Mescal က စာရေးဆရာကြီး Shakespeare အဖြစ် ပါဝင်ထားပြီး၊ သူ့ရဲ့ဇနီးသည် Agnes အဖြစ် မင်းသမီး Jessie Buckley တို့က အပြိုင်ကြဲ သရုပ်ဆောင်ထားကြပါတယ်။ Oscar ဆုရှင် ဒါရိုက်တာ Chloé Zhao ကိုယ်တိုင် ရိုက်ကူးထားတာမို့ ရုပ်ရှင်ရဲ့ အရည်အသွေးကတော့ ပြောစရာမလိုအောင်ပါပဲ။ ဇာတ်လမ်းအကျဉ်း~ ၁၆ ရာစုနှောင်းပိုင်း အင်္ဂလန်နိုင်ငံရဲ့ ကျေးလက်မြို့လေးတစ်မြို့မှာ စာပေကို ရူးသွပ်တဲ့ လက်တင်ဆရာလေး ဝီလျံ နဲ့ သဘာဝတရားကို အာရုံခံနိုင်စွမ်းရှိပြီး ဆေးဖက်ဝင်အပင်တွေကို ကျွမ်းကျင်တဲ့ ထူးခြားဆန်းကြယ်တဲ့ မိန်းကလေး အက်ဂနက်စ်တို့ ဖူးစာဆုံခဲ့ကြတယ်။ သူတို့ရဲ့ အချစ်ခရီးလမ်းက ချောမွေ့မနေခဲ့ပေမဲ့ သားသမီး ၃ ယောက်နဲ့အတူ ရိုးရှင်းတဲ့ ဘဝလေးကို တည်ဆောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုတွေက ကြာရှည်မခံခဲ့ပါဘူး။ ကပ်ရောဂါဆိုးကြီး ဝင်ရောက်လာတဲ့အခါမှာတော့ အမြွှာမောင်နှမနှစ်ယောက်ကြားက ဖြတ်သန်းရခက်တဲ့ ကံကြမ္မာဆိုးတစ်ခု ဝင်ရောက်လာပါတယ်။ "သေမင်းက တစ်ယောက်ယောက်ကို ခေါ်သွားရမယ်ဆိုရင် အဲ့ဒီလူက ငါပဲ ဖြစ်ပါစေ" ဆိုတဲ့ အစ်ကိုဖြစ်သူ ဟမ်းနက်ရဲ့ ဆုံးဖြတ်ချက်က မိသားစုတစ်ခုလုံးကို ရိုက်ခတ်လာတဲ့အခါ....... တစ်ဖက်မှာ သားသမီးအတွက် ရင်ကွဲမတတ် ခံစားနေရတဲ့ မိခင်တစ်ယောက်ရဲ့ ပူဆွေးမှုနဲ့ တစ်ဖက်မှာတော့ ကိုယ်ပိုင်အိပ်မက်တွေနဲ့ မိသားစုတာဝန်ကြား လန်ဒန်မြို့မှာ အလုပ်လုပ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ နာကျင်မှုကို အနုပညာအဖြစ် ပြောင်းလဲပုံဖော်လိုက်တဲ့အခါ... ဟမ်းနက်လေးက တကယ်ပဲ သေမင်းကို လှည့်စားပြီး ဂျူးဒစ်လေးနဲ့ နေရာလဲလိုက်တာလား? သားဖြစ်သူရဲ့ နာမည်ကို ပြဇာတ်နာမည်အဖြစ် ပေးလိုက်တဲ့ ဝီလျံရဲ့ ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲ? ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို ရင်ဆိုင်လိုက်ရပြီးနောက်မှာ အက်ဂနက်စ်နဲ့ ဝီလျံတို့ရဲ့ အိမ်ထောင်ရေးကရော ဆက်ပြီး မြဲမြံနိုင်ပါဦးမလား? ကြည့်မိရင် နောင်တမရမှာ သေချာနေတာမို့ သမိုင်းမှာ ထင်ရှားတဲ့ စာပေလက်ရာတစ်ခုရဲ့ နောက်ကွယ်က ဖုံးကွယ်နေတဲ့ မျက်ရည်စက်တွေနဲ့ မိဘမေတ္တာဖွဲ့ ဇာတ်လမ်းကောင်း Hamnet (2025) ကို ခံစားကြည့်ရှုပေးကြပါဦးနော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Ei ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း