ဇာတ်ကားများ ရွေးရန်

Twisted

2026ဇာတ်ကားအမှတ် 6/10Web-dl 1080p

Twisted (2026) ရုပ်ရှင်ဟာ Saw ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ Darren Lynn Bousman ရိုက်ကူးထားတဲ့ Horror Thriller ဇာတ်ကားသစ်တစ်ကား ဖြစ်ပါတယ်။ Terrifier မင်းသမီး Lauren LaVera နဲ့ A Quiet Place မင်းသား Djimon Hounsou တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး သည်းထိတ်ရင်ဖို ရုပ်ရှင်ကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်မြို့က လူငယ်နှစ်ယောက်ဟာ လွယ်လွယ်ကူကူ ပိုက်ဆံရှာဖို့အတွက် အိမ်ခြံမြေလိမ်လည်မှုတစ်ခုကို လုပ်ကိုင်ကြပါတယ်။ သူတို့ပိုင်ဆိုင်ခြင်းမရှိတဲ့ တန်ဖိုးကြီး တိုက်ခန်းတွေကို ပိုင်ရှင်ယောင်ဆောင်ပြီး တခြားသူတွေကို အငှားချကာ ပိုက်ဆံလိမ်ယူကြတာပါ။ အစပိုင်းမှာတော့ သူတို့ရဲ့အကွက်က အရာထင်နေပြီး ငွေတွေရနေပေမဲ့ တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အိမ်ရှင်တစ်ယောက်နဲ့ တိုးမိပါတော့တယ်။ အဲဒီအိမ်ရှင်ကတော့ သာမန်လူမဟုတ်ဘဲ လျှို့ဝှက်ချက်တွေများတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်နေပါတယ်။ သူတို့ရဲ့ လိမ်လည်မှုကနေတဆင့် ဒီဆရာဝန်ရဲ့ ထောင်ချောက်ထဲကို သက်ဆင်းမိသွားတဲ့အခါမှာတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပါတော့တယ်။ အမဲလိုက်သူကနေ အမဲလိုက်ခံရသူ ဖြစ်သွားပြီး သေမင်းနဲ့ စစ်ခင်းရမယ့် အခြေအနေကို ရောက်သွားပါတော့တယ်။ ဒီဇာတ်ကားမှာ လိမ်လည်သူ လူငယ်လေးတွေအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဆရာဝန်ရဲ့ လက်ထဲကနေ ဘယ်လိုရုန်းထွက်မလဲ၊ ဆရာဝန်ရဲ့ ကြောက်မက်ဖွယ်ရာ အစီအစဉ်တွေက ဘာတွေလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ သည်းထိတ်ရင်ဖိုစရာ အခန်းတွေ၊ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေတာကြောင့် Horror ဖန်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ edrikk ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း