ဇာတ်ကားများ ရွေးရန်

The Blade

1995ဇာတ်ကားWeb-dl 1080p

* Movie Request ထဲက တောင်းဆိုထားတဲ့ ဇာတ်ကားဖြစ်ပါသည်။ ဒီတစ်ခေါက်မှာတော့ ဒါရိုက်တာ – Tsui Hark ရဲ့ ကျန်းဟူလောကနဲ့ လူ့စိတ်သဘော အမှောင်ဘက်ခြမ်းကို ရိုက်ကူးပြသထားတဲ့ The Blade (1995) ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း "ဓားဆိုတာ အသက်ရှင်သန်နိုင်အောင် သတ်ဖြတ်ဖို့ပဲ အလှထားတဲ့ အရာမဟုတ်ဘူး" တင်းအွန်ဆိုတဲ့ လူငယ်လေးဟာ ဖခင်မရှိတော့ဘဲ ဓားလက်နက်အလုပ်ရုံပိုင်ရှင်သူဌေးရဲ့ ကျွေးမွေးစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်။သူ့မှာ သံမဏိခေါင်းနဲ့ စွေ့လင်းဆိုတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက်ရှိပြီး ဘဝကို အေးချမ်းစွာပဲ ဖြတ်သန်းနေခဲ့ပါတယ်။သို့သော် တစ်နေ့မှာတော့ သူ့ရဲ့ အေးချမ်းနေတဲ့ဘဝမှာ မုန်တိုင်းထန်စေမယ့် အဖြစ်မှန်တစ်ခုကို မတော်တဆ သိရှိခဲ့ရပါတယ်။ သူ့အဖေဟာ မတော်တဆသေဆုံးခဲ့ရခြင်းမဟုတ်ဘဲ ဖေ့လွမ်ဆိုတဲ့ လူယုတ်မာရဲ့ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရှိသွားခဲ့ပါတော့တယ်။ထို့ကြောင့် တင်းအွန်ဟာ သူ့ဖခင်ဖြစ်သူအတွက် လက်စားချေရန် လက်နက်အလုပ်ရုံမှ ထွက်ခွာသွားခဲ့ပါတော့တယ်။သူထွက်ခွာသွားကြောင်းသိရှိသွားတဲ့ အခါမှာတော့ စွေ့လင်းဟာ သူ့နောက်ကို လိုက်ရှာရင်း ဓားပြတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာကြောင့် တင်းအွန်ဟာ သူ့ကို ကယ်တင်ရင်း လက်တစ်ဖက်ဆုံးရှုံးကာ ချောက်နက်ထဲကို ပြုတ်ကျသွားပါတော့တယ်။သူ့မိတ်ဆွေ အားလုံးက သူ့ကို သေသွားပြီလို့ထင်နေချိန်မှာ သူဟာ ချောက်ကမ်းပါးအောက်မှ မိဘမဲ့ကလေးတစ်ယောက်ရဲ့ ကယ်တင်မှုကြောင့် အသက်ရှင်ခွင့်ရခဲ့ပြီး သူ့ဖခင်အတွက် လက်စားချေရန် ဓားသိုင်းပညာကို လေ့လာခဲ့ပါတယ်။လက်တစ်ဖက်သာရှိပေမယ့် နာကျင်မှု၊ အမုန်းတရားနဲ့ အတွေ့အကြုံတွေက သူ့ကို ပိုမိုအားကြီးတဲ့ ဓားသမားတစ်ယောက်အဖြစ် ပြောင်းလဲစေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖခင်ရဲ့ သေဆုံးမှုနောက်ကွယ်မှာရှိတဲ့ အမှန်တရား နဲ့ ဓားသမားတွေရဲ့ ရက်စက်မှုတွေကို ရင်ဆိုင်လာရတဲ့ အခါမှာတော့ တင်းအွန်တစ်ယောက် သူ့အဖေအတွက် လက်စားချေနိုင်ပါ့မလား....ဆိုတာကို ကျန်းဟူလောကမှာ အင်အားကြီးသူကသာ ရှင်နိုင်တယ်ဆိုတဲ့ စကားအတိုင်း သိုင်းလောကရဲ့ အမှောင်ဘက်ခြမ်းကို ကြည့်ရှု့ခံစားရမယ့် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း