Obex
မင်းရဲ့ စိတ်ကူးထဲက ကောင်းကင်ဘုံက ဘယ်လိုမျိုးလဲ..." "ကမ်းခြေမှာ... ကျွန်တော့်ခွေးလေးဆန်ဒီနဲ့အတူ အချိန်ဖြုန်းရတာမျိုးပေါ့.." -----Conor & Victor----- ဒီဇာတ်ကားလေးကတော့ ၁၉၈၇ ခုနှစ်ကာလကို အခြေခံထားပြီး အထီးကျန်ဆန်တဲ့ လူတစ်ယောက်နဲ့ သူ့ရဲ့ အချစ်တော်ခွေးလေးတို့အကြောင်း ရိုက်ကူးထားတဲ့ Surreal Sci-Fi Fantasy ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ သာမန်ကွန်ပျူတာဂိမ်းတစ်ခုကနေ စိတ်ကူးမယဉ်နိုင်လောက်တဲ့ အဖြစ်အပျက်တွေဆီ ခေါ်ဆောင်သွားမဲ့ ဇာတ်လမ်းမျိုးပါ။ ဒီကားထဲမှာတော့ သာမန်ရုံးဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကော်နာအဖြစ် Conor Marsh နဲ့ သူ့ရဲ့ အချစ်တော်ခွေးလေး ဆန်ဒီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထူးခြားဆန်းပြားတဲ့ ရိုက်ချက်တွေနဲ့အတူ ဒါရိုက်တာ Albert Birney ရဲ့ ဖန်တီးမှုလက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကော်နာဆိုတဲ့ လူတစ်ယောက်ဟာ ဘော်လ်တီမိုးမြို့မှာ သူ့ရဲ့ခွေးလေး ဆန်ဒီ နဲ့အတူ အထီးကျန်စွာ နေထိုင်သူပါ။ သူဟာ သူငယ်ချင်းမရှိ၊ မိသားစုမရှိဘဲ တစ်နေ့တာကို ပျင်းရိငြီးငွေ့ဖွယ် ဖြတ်သန်းနေရသူတစ်ဦးပေါ့။ တစ်နေ့မှာတော့ အိုဘက်စ်လို့ခေါ်တဲ့ ကစားသူကိုယ်တိုင် ဂိမ်းထဲဝင်ရောက်ကစားနိုင်မယ်ဆိုတဲ့ ဂိမ်းအသစ်တစ်ခုရဲ့ ကြော်ငြာကို တွေ့ရှိသွားပြီး စမ်းသပ်ကစားကြည့်ဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဒီဂိမ်းက သာမန်ဂိမ်းတစ်ခု မဟုတ်ခဲ့ပါဘူး။ ဂိမ်းစတင်လိုက်တဲ့အချိန်မှာပဲ လက်တွေ့ဘဝနဲ့ ဂိမ်းကမ္ဘာကြားက စည်းခြားနံရံတွေ ပျက်ပြားသွားပြီး သူ့ရဲ့ အသက်တမျှချစ်ရတဲ့ ခွေးလေးဆန်ဒီဟာ နတ်ဆိုးဘုရင် အစ်ဇာရော့သ်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရပါတယ်။ ကော်နာတစ်ယောက် ဆန်ဒီ့ကို ကယ်တင်ဖို့အတွက် အိပ်မက်ဆိုးတွေ၊ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ပြည့်နှက်နေတဲ့ အိုဘက်စ်ဂိမ်းကမ္ဘာထဲကို မဖြစ်မနေ ဝင်ရောက်သွားရပါတော့တယ်။ လမ်းခရီးမှာ သူ ဘယ်လိုထူးဆန်းတဲ့ မိတ်ဆွေတွေနဲ့ ဆုံတွေ့ရမလဲ သခင်နဲ့ ခွေးလေးကြားက သံယောဇဉ်က ဒီကြောက်မက်ဖွယ်ကမ္ဘာကြီးကို အနိုင်ယူနိုင်ပါ့မလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ကော်နာတစ်ယောက် နတ်ဆိုးဘုရင် အစ်ဇာရော့သ်ရဲ့ လက်ထဲကနေ ဆန်ဒီ့ကို အချိန်မီ ကယ်ထုတ်နိုင်ပါ့မလား? လမ်းခရီးမှာတွေ့ရတဲ့ စကားပြောတတ်တဲ့ တီဗွီကြီး ဗစ်တာဆိုတာကရော ဘယ်သူများလဲ? အိုဘက်စ်ဆိုတဲ့ ဂိမ်းကမ္ဘာကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ? ဒီမေးခွန်းတွေရဲ့ အဖြေကို သိချင်တယ်ဆိုရင်တော့ သည်းထိတ်ရင်ဖိုဖွယ် ဆွေးမြေ့ဖွယ်ခံစားချက်တို့ကိုပေးစွမ်းမယ့် "Obex" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးမှာ ဆက်လက်ရှုစားအားပေးကြပါဦးနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Ei ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း