ဇာတ်ကားများ ရွေးရန်

Z

2019ဇာတ်ကားBlu-ray 1080p

ဘက်သ်နဲ့ ကယ်ဗင်တို့ ဇနီးမောင်နှံမှာ ၈ နှစ်အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ တစ်ရက်မှာတော့ သားဖြစ်သူက သူ့မှာ "Z" လို့ အမည်ရတဲ့ သူငယ်ချင်းအသစ်တစ်ယောက် ရှိနေကြောင်း ပြောပြလာပါတယ်။ မိဘတွေကတော့ ကလေးသဘာဝ "စိတ်ကူးယဉ်သူငယ်ချင်း" (Imaginary Friend) လို့ပဲ သတ်မှတ်ပြီး သာမန်ကာလျှံကာ သဘောထားခဲ့ကြပါတယ်။ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကလေးရဲ့ အပြုအမူတွေဟာ ရိုင်းစိုင်းပြီး ကြောက်စရာကောင်းလာပါတယ်။ ကျောင်းမှာလည်း ပြဿနာတွေ ရှာလာသလို၊ အိမ်မှာလည်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာပါတယ်။ ပိုပြီး ထိတ်လန့်ဖို့ကောင်းတာက သားဖြစ်သူက "Z" ခိုင်းလို့ လုပ်တာပါလို့ ပြောလာတဲ့အခါမှာတော့ မိခင်ဖြစ်သူ ဘက်သ်ဟာ စိုးရိမ်စိတ်တွေ လွန်ကဲလာပါတော့တယ်။ ဘက်သ်ဟာ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရင်း သူမရဲ့ ငယ်ဘဝ ဓာတ်ပုံဟောင်းတွေနဲ့ ဗီဒီယိုဖိုင်တွေကို ပြန်ကြည့်မိတဲ့အခါ တုန်လှုပ်စရာ အမှန်တရားတစ်ခုကို တွေ့ရှိသွားပါတယ်။ တကယ်တော့ "Z" ဆိုတာ သူမသားရဲ့ စိတ်ကူးယဉ်သူငယ်ချင်း မဟုတ်ဘဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဘက်သ်ရဲ့ ငယ်ဘဝမှာ ရှိခဲ့ဖူးတဲ့ ကြောက်စရာကောင်းတဲ့ သတ္တဝါဆိုးကြီး ဖြစ်နေတာပါ။ ဒီသတ္တဝါကြီးဟာ ဘက်သ်ဆီကို ပြန်လာဖို့အတွက် သူမရဲ့ သားဖြစ်သူကို ကြားခံအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။ ဘက်သ်ဟာ သူမရဲ့ မိသားစုကို ကာကွယ်ဖို့အတွက် ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး နည်းမျိုးစုံနဲ့ ကြိုးစားပေမဲ့ "Z" ဟာ ပိုမို အားကောင်းလာပြီး သူတို့ရဲ့ အိမ်ထဲမှာတင် တကယ့်အစစ်အမှန် သတ္တဝါကြီးအဖြစ် ပေါ်လာပါတော့တယ်။ နောက်ဆုံးမှာတော့ "Z" ရဲ့ တကယ့်ရည်ရွယ်ချက်က သူမသားကို လိုချင်တာမဟုတ်ဘဲ ဘက်သ်ကို ပြန်ရဖို့ဖြစ်နေတာကို သိလိုက်ရတဲ့အခါ... မိခင်တစ်ယောက်အနေနဲ့ သူမရဲ့ သားလေးကို ကယ်တင်ဖို့ ဘယ်လောက်အထိ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကို ချသွားမလဲဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ် သာသာပြန်သူနဲ့ အညွှန်းရေးသားသူကတော့ April ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း