Gatha Vaibhava
ဒီဇာတ်ကားလေးကတော့ ဘဝအဆက်ဆက် ချစ်ခဲ့ကြပေမယ့် ပေါင်းစပ်ခွင့် မရခဲ့ကြတဲ့ ချစ်သူနှစ်ဦး မျက်မှောက်ဘဝမှာ ပြန်ဆုံကြတော့ မိန်းကလေးဖြစ်တဲ့ အာဒူနီကာ ကအတိတ်ကို မှတ်မိပေမယ့် ပူရာသန် ကတော့ မမှတ်မိရှာဘူး။ အာဒူနီကာက ပူရာသန်ကို အတိတ်အကြောင်းတွေ ပြောပြတော့ ပူရာသန်ပါ အရင်ဘဝကို မှတ်မိသွားချိန် ဇာတ်လမ်းက အဲ့ဒီမှာမှ စတာပဲ။ စိတ်ရောဂါအထူးကုဆရာဝန်လည်းဟုတ် စာအုပ်တွေလည်း ရေးတဲ့ ပူရာသန်ရဲ့အဖေ ရေးထားတဲ့ စာအုပ်တစ်အုပ်က အာဒူနီကာ ပြောပြတဲ့ သူမရဲ့အတိတ်ဘဝအကြောင်းတွေနဲ့ တူနေတဲ့အခါမှာ ဇာတ်လမ်းက ဘယ်လိုပဟေဠိတွေနဲ့ အဆုံးသတ်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပူရာသန် အဖြစ် မင်းသား Dushyanth နဲ့ အာဒူနီကာ အဖြစ် မင်းသမီး Ashika Ranganath တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း