ဇာတ်ကားများ ရွေးရန်

Even if This Love Disappears from the World Tonight

2025ဇာတ်ကားWeb-dl 1080p

"ဒီကမ္ဘာကြီးပေါ်ကနေ ဒီအချစ်တွေ ပျောက်ကွယ်သွားရင်တောင်..." ဂျပန်မှာရော တစ်ကမ္ဘာလုံးမှာပါ မျက်ရည်ပင်လယ်ဝေစေခဲ့တဲ့ နာမည်ကျော်ဝတ္ထုကို ကိုရီးယားရဲ့ Melodrama အငွေ့အသက်တွေနဲ့ ပြန်လည်ပုံဖော်လိုက်တဲ့အခါ... Visual အလှတွေ၊ ဇာတ်ဝင်သီချင်းအဆွေးတွေနဲ့ လူကိုဆွဲခေါ်သွားမယ့် ဇာတ်ကားကောင်းတစ်ကား ထွက်ပေါ်လာခဲ့ပါတယ်။ ကျောင်းမှာ အပယ်ခံဖြစ်နေတဲ့သူငယ်ချင်းတစ်ယောက်ကိုကယ်တင်ဖို့အတွက် ဂင်ဂျယ်ဝန်းတစ်ယောက် အတန်းထဲက အေးစက်စက်နိုင်တဲ့ ကောင်မလေး ဆောယွန်းကို "ငါတို့တွဲရအောင်" လို့ မုသားသုံးပြီး ဖွင့်ပြောလိုက်မိပါတယ်။ မထင်မှတ်ဘဲ ကောင်မလေးက လက်ခံလိုက်ပေမဲ့ စည်းကမ်းချက် (၃) ခု ထားပါတယ်။ အဲဒီထဲက အရေးကြီးဆုံးအချက်ကတော့... "ငါတို့ချင်း ဘယ်တော့မှ တကယ်မချစ်မိစေရဘူး" တဲ့။ ဒါပေမဲ့ ဆောယွန်းမှာက အိပ်ပျော်သွားတာနဲ့ ဒီနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မေ့သွားတတ်တဲ့ ရောဂါရှိနေခဲ့ပါတယ်။ ဆောယွန်းကတော့ မနေ့ကကြုံတွေ့ခဲ့ရသမျှကို ဒိုင်ယာရီထဲမှတ်ထားရင်းနဲ့ ဒီနေ့ကိုဖြတ်သန်းနေရသူပေါ့။ ဒီလိုနဲ့ သူတို့၂ယောက်တဖြည်းဖြည်းသံယောဇဉ်တွယ်လာကြရင်း စည်းကမ်းနံပါတ် ၃ကိုချိုးဖောက်သွားပြီးတဲ့နောက် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ... အချစ်ဆိုတာ မှတ်ဉာဏ်ထဲမှာ ရှိတာမဟုတ်ဘဲ နှလုံးသားထဲမှာ စွဲကျန်နေတတ်တဲ့အရာဆိုတာကို လက်တွေ့ပြသွားမယ့် Must-Watch ဇာတ်ကားလေးပါ။ ဒီကားကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း