Jack and Ava
ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ မြို့ပြရဲ့ အောက်ခြေအဆင့်မှာ နေထိုင်ရတဲ့ ဂျက်၊အေဗာနဲ့ သူတို့ရဲ့ လူမည်းသူငယ်ချင်းတို့ဟာ ဆင်းရဲမွဲတေမှုနဲ့ အနာဂတ်မရှိတဲ့ ဘဝကနေလွတ်မြောက် ဖို့အတွက် အန္တရာယ်အရှိဆုံး အလုပ်တစ်ခုကိုစတင်ခဲ့ကြပါတယ်။ သူတို့ဟာ ဘဝသစ်တစ်ခုကို တည်ဆောက်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြို့ရဲ့ သြဇာကြီး လက်နက်မှောင်ခိုခေါင်းဆောင် ရစ်ခ်ရဲ့ လက်နက်တွေကိုခိုးယူရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့ သူတို့ မျှော်လင့်ထားသလို မဖြစ်ဘဲ အစီအစဉ်တွေဟာ လွဲချော်ပြီး ကျရှုံးသွားခဲ့ပါတယ်။ ရစ်ခ်ကလည်း သူ့ရဲ့ ပစ္စည်းတွေကို ပြန်ရဖို့အတွက် သူ့ဂိုဏ်းသူငယ်ချင်းနဲ့ သူတို့နောက်ကို တောက်လျှောက် လိုက်တဲ့အခါမှာတော့ သူတို့သူငယ်ချင်း သုံးယောက်လုံးဟာ မြို့ပြရဲ့ အမှောင်ဆုံးအရပ်တွေမှာ ပုန်းအောင်းရင်း၊ တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ရှောင်ကွင်းရင်းနဲ့ အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်ရပါတော့တယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်က အက်ရှင်တင်မကဘဲ အကျပ်အတည်းကြားမှာ ဖြစ်ပေါ်လာတဲ့ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ခံစားချက်ကိုပါ သေချာပုံဖော်ထားတာပါ။ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်မိတာတွေ၊ သေဘေးနဲ့ နီးကပ်လာတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ကြောက်ရွံ့မှုတွေနဲ့ သူတို့ကြားက ခိုင်မြဲတဲ့ သံယောဇဉ်တွေ ဘယ်လိုပြိုလဲမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရပါမှာ။ အဆုံးသတ်မှာတော့ ရစ်ခ်ရဲ့ ရက်စက်တဲ့ လက်စားချေမှုကနေ သူတို့ လွတ်မြောက်နိုင်မလား၊ ဒါမှမဟုတ် သူတို့ရဲ့ အိပ်မက်တွေက သေနတ်ကျည်ဆန်တွေအောက်မှာပဲ ပျက်စီးသွားမလားဆိုတာကို ဒီကားဟာ အရှိန်အဟုန်အတိုင်း အပီပြင်ဆုံး ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်ရှင့်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ pyae yati ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း