Horns
ယခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2013 က ထွက်ရှိခဲ့တဲ့ Horns ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်ကြိုက်သူတွေ မသိသူမရှိတဲ့ Harry Potter မင်းသား ပါ၀င်သရုပ်ဆောင်ထားတဲ့အပြင် IMDb လည်း 6.4 ရထားတာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အကျဉ်းချုပ်ကတော့ အေ့စ်နဲ့မယ်ရင်တို့ဟာ ငယ်စဥ်ကတည်းအရမ်းချစ်လာကြတဲ့ ချစ်သူတွေပါ။ တစ်နေ့မှာတော့ မယ်ရင်တစ်ယောက်အသတ်ခံလိုက်ရပြီး အဓိကလူသတ်တရားခံအဖြစ် သံသယရှိနေသူက အေ့စ်ပဲဖြစ်နေပါတယ်။ တစ်မြို့လုံးကလည်း သတ်တဲ့လူက အေ့စ်လို့ပဲယူဆပြီး အေ့စ်ကို ဝိုင်းပြီးရွံရှာမုန်းတီးသွားကြပြီး ထောင်ကျအောင် ကြိုးစားကြပါတော့တယ်။ ချစ်ရသူ သေဆုံးသွားတဲ့အပြင် သူ့ကို လူသတ်တရားခံအဖြစ်စွပ်စွဲခံလာရတဲ့အခါ အေ့စ်တစ်ယောက် သူအပြစ်မရှိကြောင်း သက်သေပြဖို့ကြိုးစားရင်း တစ်နေ့မှာတော့ ခေါင်းမှာဂျိုတွေပေါက်လာပါတော့တယ်။ ဂျိုတွေပေါ်လာပြီးနောက်ပြီး လူတွေဟာ အေ့စ်ကို သူတို့စိတ်ထဲက လုပ်ချင်နေတဲ့မြိုသိပ်ထားတဲ့ဆန္ဒတွေကို အလိုလိုထုတ်ပြောလာပါတော့တယ်။ လူတွေကို အမှန်အတိုင်းပြောလာအောင် လုပ်နိုင်တဲ့စွမ်းရည်ရလာတဲ့ အေ့စ်တစ်ယောက် သူအပြစ်မရှိကြောင်းကို သက်သေပြနိုင်မှာလား။ လူသတ်သမားအစစ်ကိုရော ဖော်ထုတ်နိုင်မှာလား။ လူသတ်သမားကရော ဘယ်သူဖြစ်နေမလဲ စတာတွေကို စိတ်၀င်စားဖွယ် Mystery ဆန်ဆန်ရိုက်ကူးထားတာမို့ အမြန်ပဲကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Paing Chan Thar ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း