Casper
* Movie Request ထဲကတောင်းဆိုထားတဲ့ ဇာတ်ကားဖြစ်ပါသည်။ ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 1995 ခုနှစ်ကထွက်ရှိခဲ့တဲ့ Casper ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အကျဉ်းချုပ်ကတော့ ကာရီဂန်ဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့သေဆုံးသွားတဲ့ယောကျာ်းဆီကနေ စံအိမ်တစ်လုံးအမွေရလိုက်ပါတယ်။ အိုဟောင်းနေပြီဖြစ်တဲ့စံအိမ်ကြီးကို မလိုချင်ပေမယ့် ရတနာတွေရှိတယ်ဆိုတဲ့အထင်နဲ့ ကာရီဂန်တစ်ယောက် အဲ့အိမ်ကြီးဆီ ရောက်သွားပါတော့တယ်။ ဒါပေမယ့် ရောက်ရောက်ချင်းမှာပဲ ကတ်စပါဆိုတဲ့ သရဲလေးနဲ့တွေ့ပြီး ပြန်ပြေးရပါတော့တယ်။ ရတနာတွေကိုလိုချင်တာကြောင့် ကာရီဂန်တစ်ယောက် နည်းလမ်းမျိုးစုံသုံးပြီး သရဲတွေကို နှိမ်နှင်းဖို့ကြိုးစားပေမယ့် မအောင်မြင်ပါဘူး။ဒီလိုနဲ့ တီဗီအစီအစဉ်တစ်ခုကနေ အပနှင်သူ ဒေါက်တာဂျိမ်းဆိုသူကို တွေ့ပြီး အပနှင်ပေးဖို့ ငှားလိုက်ပါတော့တယ်။ ဒီလိုနဲ့ ဒေါက်တာဂျိမ်းရောက်လာပြီးနောက် သရဲတွေကို နှင်ထုတ်သွားနိုင်မှာလား။ ရတနာတွေကိုရော တွေ့ရှိသွားမှာလား။ ရှိနေတဲ့သရဲတွေကရော ဘယ်လိုမျိုးသရဲတွေလဲ စတာတွေကို သိရှိချင်တယ်ဆိုရင်တော့ ဇာတ်ကားလေးကို အမြန်ကြည့်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သရဲကားဆိုပေမယ့် ဟာသဆန်ဆန်ရိုက်ကူးထားတာ လုံး၀ကိုမကြောက်ရပဲ ပေါ့ပေါ့ပါးပါး အပန်းဖြေတဲ့အနေနဲ့ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Paing Chan Thar ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း