ဇာတ်ကားများ ရွေးရန်

Primate

2026ဇာတ်ကားWeb-dl 4K SDR

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ရုံတင်ခဲ့ပြီး၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ Digital ထွက်လာတဲ့ "Primate" (2026) ဆိုတဲ့ Animal Attack ဟော်ရာကားကို "47 Meters Down" ရိုက်ခဲ့တဲ့ ဒါရိုက်တာ Johannes Roberts က ရိုက်ကူးထားတာဖြစ်ပြီး၊ Cujo (ခွေးရူးကား) ပုံစံမျိုးကိုမှ ဉာဏ်ကြီးတဲ့ မျောက်ကြီးနဲ့ အစားထိုးပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းက ဒီလိုဗျ... Lucy ဆိုတဲ့ ကောင်မလေးက ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေကိုခေါ်ပြီး ဟာဝိုင်အီက သူ့အိမ်ကို အလည်ပြန်လာတယ်။ သူ့အိမ်မှာ ထူးခြားတာက "Ben" လို့ခေါ်တဲ့ အိမ်မွေး ချင်ပန်ဇီမျောက်ဝံကြီး တစ်ကောင် ရှိနေတာပါ။ Ben က သာမန်မျောက်ဝံ မဟုတ်ဘဲ မိသားစုဝင်လို သဘောထားရတဲ့၊ သင်္ကေတပြစကားတွေပါ နားလည်တဲ့ သဘောကောင်းတဲ့ကောင်ကြီးပေါ့။ ဒါပေမဲ့ ကံဆိုးချင်တော့ Ben ဟာ တောထဲက မြွေပါတစ်ကောင် အကိုက်ခံရရာကနေ ခွေးရူးပြန်ရောဂါ ကူးစက်သွားပါတယ်။ ရောဂါဝင်သွားတဲ့အခါ Ben က သဘောကောင်းတဲ့ မျောက်ဝံအဖြစ်ကနေ ရုတ်တရက် သွေးဆာနေတဲ့ သားရဲကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒီကားရဲ့ ကြောက်စရာကောင်းတဲ့ အချက်က Ben က ရူးသွားပေမယ့် ဉာဏ်မပျောက်သွားတာပါပဲ။ အိမ်ထဲက လူတွေကို ဘယ်လိုလိုက်ရှာရမလဲ၊ ဘယ်လို ထောင်ချောက်ဆင်ရမလဲဆိုတာ နားလည်နေပြီး၊ Lucy တို့ သူငယ်ချင်းတစ်သိုက်နဲ့ ဖခင်ဖြစ်သူတို့ကို အိမ်ထဲမှာ ပိတ်မိနေအောင် လုပ်ပြီး တစ်ယောက်ချင်းစီ လိုက်သတ်ပါတော့တယ်။ ထူးခြားတာက ဒီကားထဲက မျောက်ဝံကြီး Ben ကို CGI နဲ့ လုပ်ထားတာ မဟုတ်ဘဲ၊ လူကိုယ်တိုင်ဝတ်စုံဝတ်ပြီး ရိုက်ကူးထားတာမို့၊ ကြည့်ရတာ ပိုပြီး သဘာဝကျကျနဲ့ ကြမ်းတမ်းတာကို တွေ့ရမှာပါ။ သွေးထွက်သံယို အသားကုန်ကြမ်းတဲ့ Slasher/Horror ကားမျိုး ကြိုက်ရင် လက်မလွှတ်သင့်တဲ့ ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kim ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း