ဇာတ်ကားများ ရွေးရန်

Pencarian Terakhir

2025ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဒီဇာတ်ကား​လေးက​တော့ ၂၀၂၅ မှာ အသစ်ထွက်ရှိထားပြီး တောင်တက်ခြင်းအ​ကြောင်းအရာကို ​အခြေခံရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဖြစ်ရပ်မှန် စွန့်စားခန်း​ဟော်ရာဇာတ်ကား​လေး ဖြစ်ပါတယ်။ ​တော​တောင်​သဘာဝပတ်ဝန်းကျင်ဆိုတာ ​သဘာဝတရားရဲ့လက်​​ဆောင်မွန်မို့ စိတ်အပန်း​ပြေ​စေ​ပေမယ့် ​​​တောနက်​လေ အ​​စောင့်အ​ရှောက်ကြမ်း​လေမို့ အ​နေအထိုင်ဆင်ခြင်ရပါတယ်။ ဒီဇာတ်ကား​လေးထဲမှာ​တော့ က​လေးဘဝမှာ ​အ​မေဖြစ်သူကို တောင်တက်ရင်းနဲ့​ဆုံးရှုံးလိုက်ရတဲ့ ဒရူပါဒီဟာ အသက် ၁၇ နှစ်​မွေး​နေ့အမှတ်တရအဖြစ် သူ့အ​မေ ​ပျောက်သွားခဲ့တဲ့ ဆာရန်ဂန်​တောင်​ကို သူငယ်ချင်းအဖွဲ့နဲ့ အတူ​တောင်တက်ဖို့ ဖြစ်လာပါတယ်။ ဆယ်​ကျော်သက်လူငယ်အဖွဲ့ သူတို့ရဲ့စူးစမ်းလိုစိတ်​ကြောင့် လမ်း​ပျောက်သွားကြပါတယ်။ ဇနီးသည်ကို ဆုံးရှုံးခဲ့ရတဲ့ ဆာရန်ဂန်​တောင်​မှာပဲ သမီးဖြစ်သူကို ​လိုက်ရှာဖို့ ကြိုးစား​နေရတဲ့ ဒရူပါဒီ့ဖခင် တီတိုရဲ့​သောက​တွေကို ထပ်တူခံစားရမှာဖြစ်ပြီး အဲဒီ​တောင်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်အ​ကြောင်းအရာများကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် ဖြစ်ရပ်မှန်အ​ခြေခံ အင်ဒို​ဟော်ရာကား​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း