TTT: Thalaivar Thambi Thalaimaiyil
ရွာတစ်ရွာရဲ့ ကပ်လျက်အိမ်နှစ်အိမ်မှာ မင်္ဂလာဆောင်နဲ့ နာရေးကိစ္စ တစ်ပြိုင်နက်တည်း တိုက်ဆိုင်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ မင်္ဂလာဆောင်ဘက်ကလည်း သတ်မှတ်ထားတဲ့အချိန်မှာ အခမ်းအနားမစရင် အသေခံမယ်ဆိုပြီး ခြိမ်းခြောက်၊ နာရေးအိမ်ကလည်း အဲဒီအချိန်မှာပဲ အသုဘအခမ်းအနားကို ခမ်းခမ်းနားနား လုပ်ချင်ကြတဲ့အခါ ရွာလုံးကျွတ် ဗရုတ်သုတ်ခတွေ ဖြစ်ကုန်ကြပါတယ်။ အိမ်နီးချင်းနှစ်ဖက်ရဲ့ အားပြိုင်မှုနဲ့ မာနတွေကြားမှာ ကြားညှပ်နေတဲ့ ရွာလူကြီးတွေ၊ နိုင်ငံရေးသမားတွေနဲ့ ရွာသူရွာသားတွေရဲ့ ပုံစံတွေကို ရယ်ရမလို၊ ငိုရမလို ဟာသနှောပြီး တင်ဆက်ထားတာပါ။ ဒီဇာတ်ကားက ရိုးရိုးရှင်းရှင်း ဇာတ်လမ်းလေးလို ထင်ရပေမဲ့ လူတွေရဲ့ အတ္တ၊ အယူသည်းမှုနဲ့ မိသားစုပြဿနာတွေကို သရော်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ပျော်စရာနဲ့ ဝမ်းနည်းစရာ ဒွန်တွဲနေတဲ့ အခိုက်အတန့်တွေကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပြီး၊ နောက်ဆုံးမှာ ဘယ်ဘက်က အနိုင်ရသွားမလဲ။ အခက်အခဲတွေကြားကပဲ ပွဲနှစ်ခုလုံး အဆင်ပြေပြေ ပြီးသွားပါ့မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း