Polar
"အလုပ်ကြောင့် မသေရင် ပင်စင်ယူတာကြောင့် သေရမယ်"ဆိုတဲ့ Tagline နဲ့အညီ ပင်စင်စားတွေကို အလုပ်ရှင်က လိုက်သတ်တဲ့ အကြမ်းစားအက်ရှင်ကားဖြစ်ပါတယ်။ ပင်စင်စားတွေဆိုလို့ သာမန်ဝန်ထမ်းတွေမထင်ပါနဲ့။ သူတို့ဟာ ကျွမ်းကျင်တဲ့ လုပ်ကြံရေးသမားတွေဖြစ်ပြီး အသက် 50ပြည့်ရင် ပင်စင်ယူရတဲ့ ကုမ္ပဏီပေါ်လစီကြောင့် နားလိုက်ရတဲ့သူတွေပါ။ ဒီလိုလူတွေကို သူတို့အလုပ်ရှင်က ပြန်သတ်ရတဲ့အကြောင်းရင်းက ပင်စင်ငွေကြောင့်ပါ။ စာချုပ်အရ မစ်ရှင်လုပ်ရင်း သေဆုံးသွားရင် ဒီပင်စင်ငွေတွေကို ကုမ္ပဏီကပဲ ပြန်သိမ်းခွင့်ရှိတာကြောင့် ဖြစ်ပါတယ်။ ပြောရရင် Fund အဖြစ်သူတို့ထည့်ထားတဲ့ငွေတွေကို အနားယူတဲ့အချိန် ကုမ္ပဏီဘက်က အချိုးတူပြန်ပေးရပါတယ်။ လက်ရှိမှာ ကုမ္ပဏီကအကြွေးတင်နေတာမို့ ပင်စင်စားတွေကို လိုက်သတ်ခိုင်းရင်း ထိပ်တန်းလုပ်ကြံရေးသမားဖြစ်တဲ့ ဒန်ကန်အလှည့်ကို ရောက်လာတာပါ။ ဒန်ကန်ကို မစ်ရှင်အယောင်ပြလွှတ်ပြီး လုပ်ကြံလို့ မုဆိုးကနေ သားကောင်ဖြစ်သွားပေမယ့် အတွေ့အကြုံရော အရည်အချင်းပါ ထိပ်တန်းအဆင့်ဆိုတော့ သူတစ်ဦးတည်းနဲ့ ဘော့စ်ရဲ့လူတွေကိုရင်ဆိုင်လက်တုံ့ပြန်တာကို အမိုက်စားသရုပ်ဆောင်ကွက်တွေနဲ့ ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း