Mercy
Sci-Fi နဲ့ Action thriller ဇာတ်ကားကောင်း ကြိုက်သူတွေအတွက် မင်းသားကြီး Chris Pratt နဲ့ မင်းသမီး Rebecca Ferguson တို့ ဦးဆောင်ပါဝင်ထားတဲ့ Mercy (2026) ရုပ်ရှင်ထွက်ရှိလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလတစ်ခုမှာ ရာဇ၀တ်မှုတွေကို လူသားတရားသူကြီးတွေအစား အဆင့်မြင့် AI နည်းပညာနဲ့ အချိန်တိုအတွင်း စီရင်ဆုံးဖြတ်တဲ့ စနစ်တစ်ခု ပေါ်ပေါက်လာပါတယ်။ ဒီစနစ်ကို အခိုင်အမာ ထောက်ခံအားပေးခဲ့တဲ့ စုံထောက် ခရစ်ရေဗန် (Chris Pratt) တစ်ယောက် တစ်နေ့မနက် အိပ်ရာနိုးလာတဲ့အချိန်မှာတော့ သူကိုယ်တိုင် သူ့ဇနီးသည်ကို သတ်ဖြတ်မှုနဲ့ တရားခံအဖြစ် စွပ်စွဲခံထားရပါတယ်။ သူ့ကို စစ်ဆေးမယ့်သူကတော့ ခံစားချက်မရှိတဲ့ AI တရားသူကြီး (Rebecca Ferguson) ဖြစ်နေပြီး၊ Chris အနေနဲ့ သူ့မှာ အပြစ်မရှိကြောင်း သက်သေပြဖို့ အချိန် (၉၀) မိနစ်တိတိပဲ ရပါတော့တယ်။ ဒီမိနစ် (၉၀) အတွင်းမှာ တစ်မြို့လုံးက CCTV ကင်မရာတွေ၊ ဖုန်းအချက်အလက်တွေနဲ့ နည်းပညာတွေကို အသုံးပြုပြီး သူ့ရဲ့ အပြစ်ရှိနိုင်ချေ ရာခိုင်နှုန်း (Guilt Probability) ကို မလျှော့ချနိုင်ရင်တော့ ချက်ချင်း ကွပ်မျက်ခံရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်က ထောက်ခံခဲ့တဲ့ တရားစီရင်ရေးစနစ်ရဲ့ သားကောင်ပြန်ဖြစ်သွားတဲ့ စုံထောက်တစ်ယောက် အချိန်မကုန်ခင် တကယ့်လူသတ်သမားကို ရှာဖွေနိုင်ပါ့မလား၊ ခံစားချက်မဲ့တဲ့ AI တရားသူကြီးကိုရော ဘယ်လို ယှဉ်ပြိုင်မလဲဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ edrikk ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း