ဇာတ်ကားများ ရွေးရန်

Zombie School

2014ဇာတ်ကားWeb-dl 1080p

ချီဆောင်းအထက်တန်းကျောင်း ဆိုတာက ပြဿနာရှာပြီး ဆိုးသွမ်းတဲ့ကျောင်းသားတွေကို သီးသန့်ခေါ်ထားပြီး ပညာသင်ကြားပေးတဲ့ ကျွန်းတစ်ကျွန်းပေါ်က ပြုပြင်ရေးကျောင်းတစ်ခုပါ။ ကျောင်းအုပ်ကြီးနဲ့ ဆရာတွေကလည်း ကျောင်းသားတွေကို ရိုက်ကာနှက်ကာနဲ့ တင်းတင်းကြပ်ကြပ် အုပ်ချုပ်လေ့ရှိပါတယ်။ ဟယ်နာ၊ ဂျောင်ရှစ်နဲ့ချောဂီတို့ကတော့ တခြားကျောင်းကနေမနိုင်လို့ ဒီကျွန်းပေါ်ကကျောင်းဆီကို အပို့ခံလိုက်ရပါတယ်။ ကံဆိုးချင်တော့ သူတို့ရောက်ပြီး မကြာခင်မှာပဲ ကျောင်းအုပ်ကြီးကို Zombie ဝက်ရူးတစ်ကောင်ကိုက်သွားခဲ့ပါတော့တယ်။ Zombie ဝက် ဆိုတာကရော ဘယ်လိုအရာတွေကြောင့် ဖြစ်လာတာလဲ? Zombieဖြစ်သွားတဲ့ကျောင်းအုပ်ကြီးဆီကနေ လွတ်မြောက်အောင် သူတို့ဘယ်လိုကြိုးစားကြမလဲ၊ ကျွန်းပေါ်ကနေ အသက်ရှင်လျက် ထွက်ပြေးနိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း