ဇာတ်ကားများ ရွေးရန်

The Cellar

2024ဇာတ်ကားWeb-dl 1080p

Abigail ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ မှောင်မည်းနေတဲ့ မြေအောက်ခန်းတစ်ခုထဲမှာ သတိလစ်နေရာကနေ နိုးလာပါတယ်။ သူ ဘယ်လိုကြောင့် ဒီနေရာကို ရောက်နေသလဲ၊ ဘယ်သူက ဖမ်းခေါ်လာသလဲဆိုတာကို သူ လုံးဝမှတ်မိခြင်း မရှိပါဘူး (Amnesia)။ သူသိတာတစ်ခုကတော့ ဒီနေရာကနေ အမြန်ဆုံး လွတ်မြောက်ရမယ်ဆိုတာပါပဲ။ Abigail တစ်ယောက် မြေအောက်စင်္ကြံလမ်းတွေ၊ အခန်းအမှောင်တွေထဲမှာ လမ်းရှာရင်းနဲ့ သူတစ်ယောက်တည်း ပိတ်မိနေတာမဟုတ်မှန်း သိလာရပါတယ်။ သူနဲ့အတူ အရက်ဖြတ်ကုသရေးအဖွဲ့ (AA group) က လူတွေလည်း ပျောက်ဆုံးနေပြီး ဒီမြေအောက်ခန်းထဲမှာ ရှိနေနိုင်ကြောင်း သဲလွန်စတွေ တွေ့လာရပါတယ်။ တစ်ချိန်တည်းမှာပဲ မျက်နှာဖုံးစွပ်ထားတဲ့ လူသတ်သမားတစ်စုက သူ့ကို ဒီ labyrinth (ဝင်္ကပါ) ထဲမှာ အမဲလိုက်သလို လိုက်လံဖမ်းဆီးနေပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်က Abigail ဟာ အပြင်ပန်းက ရန်သူကိုတင် ရင်ဆိုင်နေရတာ မဟုတ်ဘဲ သူ့ရဲ့ အတိတ်က စိတ်ဒဏ်ရာတွေ၊ ဆွဲလမ်းမှု (Addiction) တွေနဲ့ပါ တိုက်ပွဲဝင်နေရတာပါ။ မြေအောက်ခန်းထဲက အခြေအနေတွေက တဖြည်းဖြည်းနဲ့ လက်တွေ့ဘဝလား၊ စိတ်ကူးယဉ် အိပ်မက်ဆိုးလားဆိုတာ ခွဲခြားရခက်အောင် ဖြစ်လာပါတယ်။ Abigail တစ်ယောက် အပေါ်ထပ်ကို ရောက်ဖို့ ကြိုးစားရင်းနဲ့ ဒီဖမ်းဆီးမှုတွေရဲ့ နောက်ကွယ်က ထိတ်လန့်စရာ အမှန်တရားကို သိလိုက်ရတဲ့အခါ... သူဟာ လွတ်မြောက်ခွင့်ရမှာလား၊ ဒါမှမဟုတ် သူ့ရဲ့ အမှောင်ထုထဲမှာပဲ ထာဝရ နစ်မွန်းသွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ စကားပြောနည်းပြီးခံစားချက်အပြည့်: မင်းသမီး Meghan Adara က စကားပြောမပါဘဲ သူ့ရဲ့ အမူအရာနဲ့တင် ကြောက်ရွံ့မှုကို ပီပြင်အောင် သရုပ်ဆောင်ထားပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ဘာသာပြန်သူနဲ့ အညွှန်းရေးသားသူကတော့April ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း