Blood Diamond
"တစ်ခါတလေကျရင်... ငါတို့အချင်းချင်းလုပ်ခဲ့ကြတဲ့အရာတွေအတွက် ဘုရားသခင်က ခွင့်လွှတ်ပါ့မလားလို့ တွေးမိတယ်...။ ပြီးမှ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိတဲ့အခါကျမှ... ဘုရားသခင်က ဒီနေရာကို စွန့်ခွာသွားခဲ့တာ ကြာလှပြီဆိုတာ သတိရသွားတယ်" ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၉၀ ခုနှစ်ကာလ ဆီယာရာလီယွန် (Sierra Leone) နိုင်ငံရဲ့ ပြည်တွင်းစစ်မီးကြားက သွေးစွန်းနေတဲ့ စိန်ပွင့်တွေ၊ လောဘတွေနဲ့ လူသားဆန်မှု တိုက်ပွဲအကြောင်းကို ရိုက်ကူးထားတဲ့ Blood Diamond ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာဆိုရင်တော့ ပရိသတ်တွေရင်းနှီးပြီးသား ဟောလိဝုဒ်မင်းသားကြီး Leonardo DiCaprio က စိန်မှောင်ခိုသမား Danny Archer အဖြစ်၊ Gladiator မင်းသားကြီး Djimon Hounsou က တံငါသည် Solomon Vandy အဖြစ်နဲ့ မင်းသမီးချော Jennifer Connelly က သတင်းထောက် Maddy Bowen အဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဆော်လမွန်ဗန်ဒီ ဆိုတဲ့ တံငါသည်လေးဟာ RUF သူပုန်တွေရဲ့ ဖမ်းဆီးခြင်းခံရပြီး စိန်တွင်းတွေမှာ ကျွန်ပြုခိုင်းစေခံရပါတယ်။ တစ်နေ့မှာတော့ တန်ဖိုးကြီးမားလှတဲ့ ပန်းရောင်စိန်ပွင့်ကြီးတစ်ခုကို သူတွေ့ရှိခဲ့ပြီး အသက်နဲ့ရင်းကာ မြေကြီးထဲမှာ ဝှက်ထားခဲ့ပါတယ်။ ကံဆိုးချင်တော့ သူပုန်တွေစခန်းကို အသိမ်းခံလိုက်ရပြီး သူလည်း အစိုးရစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့တယ်။ ဒန်နီအာချာကတော့ ဇင်ဘာဘွေကလာတဲ့ ကြေးစားစစ်သားဟောင်း၊ လက်ရှိ စိန်မှောင်ခိုသမားတစ်ဦးပါ။ ထောင်ထဲမှာ ဆော်လမွန်နဲ့ဆုံတွေ့ပြီး ပန်းရောင်စိန်ပွင့်ကြီးအကြောင်း သိသွားတဲ့အခါမှာတော့ ငရဲခန်းလိုဖြစ်နေတဲ့ အာဖရိကကနေ အပြီးအပိုင်ထွက်ခွာနိုင်ဖို့အတွက် အဲဒီစိန်ကို မရရအောင် လိုချင်သွားခဲ့ပါတယ်။ "သူတို့ သားကို မကောင်းတာတွေ လုပ်ခိုင်းခဲ့တယ်ဆိုတာ အဖေသိပါတယ်... ဒါပေမဲ့ သားက ဆိုးသွမ်းတဲ့ကလေး မဟုတ်ပါဘူး... ငါက သားကိုချစ်တဲ့ သားရဲ့အဖေပါကွာ" -----Solomon Vandy----- တန်ဖိုးကြီးစိန်တစ်ပွင့်ကြောင့် လူတန်းစားမတူတဲ့ သူတို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ... သူပုန်တွေ ဖမ်းခေါ်သွားပြီး ကလေးစစ်သားအဖြစ် ဦးနှောက်မှိုင်းတိုက်ခံထားရတဲ့ သားဖြစ်သူကို ကယ်တင်ချင်တဲ့ ဖခင်တစ်ယောက်၊ အာဖရိကကနေရုန်းထွက်ချင်တဲ့ မှောင်ခိုသမားတစ်ယောက်နဲ့ စစ်ပွဲအတွင်းက အမှန်တရားကိုဖော်ထုတ်ချင်တဲ့ သတင်းထောက်မလေးတို့ သုံးဦးသား စစ်မီးကြားထဲမှာ အသက်လုပြီး ခရီးကြမ်းနှင်ကြရပါတော့တယ်။ "မင်းနဲ့တွေ့ဆုံခွင့်ရခဲ့လို့ ငါအရမ်းဝမ်းသာတယ်... အဲဒါကို မင်းသိရဲ့လား... ငါ အခု ရောက်သင့်တဲ့နေရာမှာ အတိအကျ ရောက်နေတာပါ" -----Danny Archer----- ~ဆော်လမွန်တစ်ယောက် သူ့ရဲ့ပျောက်ဆုံးနေတဲ့ မိသားစုနဲ့ သားဖြစ်သူ ဒီယာ ကို အချိန်မီ ပြန်ရှာတွေ့နိုင်ပါ့မလား? ~အတ္တကြီးပြီး ကိုယ်လွတ်ရုန်းဖို့ပဲစဉ်းစားတတ်တဲ့ ဒန်နီအာချာကရော နောက်ဆုံးမှာ စိန်ကိုရွေးမလား လူမှန်ကိုရွေးမလား? ~သွေးစွန်းနေတဲ့ စိန်ပွင့်ကြီးက သူတို့ကံကြမ္မာကို ဘယ်လိုဆုံးဖြတ်ပေးသွားမလဲ? ဆိုတာကို Blood Diamond ဇာတ်ကားကြီးမှာ အခုပဲကြည့်ရှုလိုက်ကြရအောင်လားရှင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Ei ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း