ဇာတ်ကားများ ရွေးရန်

Gone Girl

2014ဇာတ်ကားBlu-ray 1080p

Nick Dunne နဲ့ Amy Dunne ဆိုတဲ့ လင်မယားနှစ်ယောက်ကို အဓိကထားပြီး စတင်ပါတယ်။ သူတို့နှစ်ယောက်က နယူးယောက်မြို့မှာ စာရေးဆရာ၊ မီဒီယာလောကမှာ အောင်မြင်နေသူတွေဖြစ်ပေမယ့် စီးပွားရေးပျက်ကွက်မှုကြောင့် မစ်ဇူရီ ပြည်နယ်က Nick ရဲ့ ဇာတိမြို့လေးကို ပြန်လည်ရွှေ့ပြောင်းနေထိုင်လာကြပါတယ်။ သူတို့ရဲ့ လက်ထပ်နှစ်ပတ်လည်နေ့ မနက်မှာပဲ Amy ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ အိမ်ထဲမှာ အကြမ်းဖက်မှုရှိခဲ့သလို အမှတ်အသားတွေတွေ့ရပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်ပါတယ်။ Nick က အေးဆေးလွန်းတယ်၊ မျက်နှာအမူအရာမမှန်ဘူးလို့ မီဒီယာနဲ့ လူထုက စတင်သံသယဝင်လာကြပါတယ်။ တစ်ဖက်မှာတော့ Amy ရဲ့ ဒိုင်ယာရီတွေကို တွေ့ရပြီး Nick က အကြမ်းဖက်တတ်တဲ့ လင်ဖြစ်နိုင်တယ် ဆိုတဲ့ ပုံရိပ်ကို ပိုပြီး အားကောင်းစေပါတယ်။ အမှုကြီးလာတာနဲ့အမျှ မီဒီယာတွေက Nick ကို “မယားသတ်သမား” လိုပုံဖော်ကြပြီး လူထုအမြင်ကလည်း Nick ကို ဆန့်ကျင်လာပါတယ်။ Nick ရဲ့ မူမမှန်တဲ့ အပြုအမူတွေ၊ လျှို့ဝှက်ချက်တွေ (အိမ်ထောင်ရေးအပြင် ဆက်ဆံရေး) ကို ဖော်ထုတ်သွားတဲ့အခါ သံသယက ပိုပြီး ပြင်းထန်လာပါတယ်။ နောက်ပိုင်းမှာတော့ Amy ဟာ တကယ်တော့ မသေဘဲ ကိုယ်တိုင် ပျောက်ဆုံးသွားအောင် စီစဉ်ထားတာ ဆိုတာကို ဖော်ပြပါတယ်။ သူမဟာ Nick ရဲ့ လိမ်လည်မှု၊ အိမ်ထောင်ရေးပျက်ကွက်မှုတွေကို လက်စားချေဖို့ အလွန်အသေးစိတ်ကျတဲ့ အစီအစဉ်တစ်ခုကို စီမံထားတာပါ။ အခြေအနေတွေ ပြောင်းလဲသွားပြီး Amy က ပြန်လည် ပေါ်ထွက်လာချိန်မှာတော့... IMDb – 8/10 Psychological Thriller ကြိုက်တဲ့သူတွေ၊ plot twist အားကောင်းတဲ့ ဇာတ်ကားတွေကို စိတ်ဝင်စားသူတွေ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ye Myat ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း