ဇာတ်ကားများ ရွေးရန်

731

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တော်လှန်ရေး သမိုင်းကြောင်းကို အခြေခံထားရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဟာပင်မြို့မှာ အခြေစိုက်ခဲ့တဲ့ ဂျပန်​တွေရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ "တပ်ဖွဲ့ ၇၃၁ " (Unit 731) အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ၇၃၁တပ်ဖွဲ့ဟာ လူသားတွေကို အရှင်လတ်လတ် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီး အကျဉ်းသားတွေကို သစ်တုံးတွေလို သဘောထားပြီးဓာတုလက်နက်နဲ့ ပိုးမွှားလက်နက်တွေကို စမ်းသပ်ကြပါတော့တယ်။ အကျဉ်းသားတွေကို နာမည်တွေမခေါ်ဘဲ နံပါတ်တွေနဲ့ပဲ ခေါ်ပြီး လူမဆန်စွာ နှိပ်စက်ကြပါတော့တယ်။ ဝမ်ယုံကျန်း ဆိုတဲ့ အကျဉ်းသားကတော့ သူ့ကိုယ်သူ တော်လှန်ရေးသူရဲကောင်း ဝမ်ဇီယန်အဖြစ် ဟန်ဆောင်ကာ တစ်ခြားသူတွေကို စိတ်ဓာတ်ခွန်အားပေးကာ လွတ်မြောက်ဖို့ ကူညီပေးခဲ့ပါတယ်။ နောက်ဆုံးတော့ အကျဉ်းသားတွေဟာ စုစည်းပြီး ထောင်ဖောက်ပြေးဖို့ ကြိုးစားကြပါတယ်။ သေခါနီးအချိန်မှာ အကျဉ်းသားတွေဟာ သူတို့ရဲ့နံပါတ်တွေအစား နာမည်အရင်းတွေကို အော်ဟစ်ကာ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသွားကြပါတယ်။ ဒီဇာတ်ကားလေးဟာ သမိုင်းရဲ့သင်ခန်းစာကို လေးလေးနက်နက်နဲ့ ခံစားကြည့်ရှုရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာဖြစ်လို့ သဘာဝကျပြီး ဇာတ်ကားရဲ့ရသကို ပေါ်လွင်စေပါတယ်။ ဂျပန်စစ်တပ်ရဲ့ ရက်စက်မှုတွေ ဇီဝလက်နက် စမ်းသပ်မှုတွေနဲ့ တရုတ်ပြည်သူတွေရဲ့ ခါးသီးတဲ့ ဒုက္ခတွေကို ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ စစ်ကားနဲ့ သမိုင်းကား ကြိုက်နှစ်သက်သူတွေအတွက် မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကား​ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း