ဇာတ်ကားများ ရွေးရန်

Negative

2017ဇာတ်ကားWeb-dl 1080p

ဗြိတိသျှ လျှို့ဝှက်အေးဂျင့်ဟောင်းနဲ့ အ‌မေရိကန်အလွတ်တန်းဓာတ်ပုံဆရာတို့ မထင်မှတ်ထားစရာ အခြေအနေနဲ့ ဆုံတွေ့ပြီး အသက်အန္တရာယ်ကလွတ်အောင် စွန့်စားရတဲ့ Action ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ MI5 အေးဂျင့်ဟောင်းဖြစ်တဲ့ နာတာလီဟာ ဗြိတိသျှဘဏ်နဲ့ ကိုလမ်ဘီယန်ကာတယ်ကြားမှာ သဘောတူညီချက်ယူပြီး နှစ်ဖက်ခွစားမိလို့ နှစ်ဖက်လုံးက လူတွေလိုက်တာခံနေရပါတယ်။ ပုန်းရှောင်ရင်းနဲ့ ပန်းခြံထဲဝင်မိတုန်း ဓာတ်ပုံဆရာဖြစ်တဲ့ ဟော်လစ်စ်က သူမပုံကို ရိုက်မိတဲ့အတွက် ရန်သူတွေနေရာသိသွားပြီး လိုက်လာမှာစိုးလို့ ဟော်လစ်စ်တိုက်ခန်းဆီ လိုက်လာပြီး နဂွတစ်လိုက်တောင်းပါတယ်။ ဒါမဲ့ ရန်သူတွေက တိုက်ခန်းထိ လိုက်လာနိုင်လို့ ဟော်လစ်စ်ကိုပါခေါ်ပြီး နှစ်ယောက်သား ထွက်ပြေးရပါတော့တယ်။ သွေးအေးတဲ့ အေးဂျင့်ဟောင်းနဲ့ ဘုမသိဘမသိပါလာတဲ့ ဓာတ်ပုံဆရာတို့ ပြေးရင်းလွှားရင်း နောက်ဆုံးမှာ တစ်ဖွဲ့တည်းဖြစ်ပြီး ရန်သူတွေနဲ့ရင်ဆိုင်တာကို ပုံဖော်ထားပါတယ်။ ဒီရုပ်ရှင်မှာ နာတာလီ(Katia Winter)နဲ့ ဟော်လစ်စ်(Simon Quarterman)တို့ရဲ့ Chemistry ကိုအဓိကအသားပေးဖော်ပြထားပြီး ကာရိုက်တာတွေတည်ဆောက်သွားတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း