ဇာတ်ကားများ ရွေးရန်

Pavane

2026ဇာတ်ကားWeb-dl 1080p

" အထီးကျန်ဆန်မှုတွေကြားက နွေးထွေးတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်" သာမန်အချစ်ဇာတ်လမ်းတွေနဲ့မတူဘဲ ဘဝရဲ့ အမည်းစက်တွေ၊ အထီးကျန်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတဲ့ လူငယ်သုံးယောက်ရဲ့ ဘဝအချိုးအကွေ့တွေကို သဘာဝကျကျနဲ့ ရင်ထဲရောက်အောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို ရှာနေတယ်ဆိုရင်တော့ Netflix ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကမှ အသစ်ထွက်ရှိထားတဲ့ "Pavane (Pabanneu)" ကို လုံးဝလက်မလွှတ်သင့်ပါဘူး။ ကုန်တိုက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မီဂျောင်း ဟာ သိမ်ငယ်စိတ်များပြီး လူတွေနဲ့ မျက်လုံးချင်းဆုံဖို့တောင် ကြောက်ရွံ့နေတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ လူတွေရဲ့ သတိထားမှုကိုမခံရဘဲ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်သွားဖို့ပါပဲ။ အဲဒီကုန်တိုက်ရဲ့ ကားပါကင်မှာ အလုပ်လုပ်နေတဲ့ ယိုဟန်ကတော့ မီဂျောင်းနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး လွတ်လွတ်လပ်လပ်နေတတ်သူပါ။ ရော့ခ်သီချင်းတွေနဲ့ ဂန္ထဝင်အချစ်ဇာတ်ကားတွေကို ရူးသွပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကိုယ့်ရဲ့အိပ်မက်တွေကို လက်လွှတ်လိုက်ရပြီး အဲဒီကုန်တိုက်မှာပဲ အလုပ်လာလုပ်တဲ့ ဂယောင်းရော့ ဆိုတဲ့ကောင်လေး ရောက်လာပါတော့တယ်။ ဂယောင်းရော့တစ်ယောက် အထီးကျန်ဆန်ပြီး မှိုင်းညို့နေတတ်တဲ့ မီဂျောင်းအပေါ် သံယောဇဉ်တွယ်သွားတဲ့အခါ... သူတို့သုံးယောက်လုံးရဲ့ တူညီတဲ့အချက်တစ်ခုကတော့ "ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့တောင် ခက်ခဲနေကြသူတွေ" ဖြစ်နေတာပါပဲ။ ဒီလို ဘဝအမောတွေနဲ့ လူသုံးယောက်ဆုံတွေ့သွားကြတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဖေးမကူညီကြမလဲ၊ အချစ်ဆိုတဲ့ နွေးထွေးမှုကို ဘယ်လိုရှာဖွေတွေ့ရှိသွားမလဲ ဆိုတာကို နှလုံးသားနဲ့ ခံစားကြည့်ရှုရမဲ့ဇာတ်ကားပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း