Simone
* Movie Request ထဲကတောင်းဆိုထားတဲ့ ကားဖြစ်ပါတယ် "ရှင်က စီမုန်းကို ဖန်တီးခဲ့တာလား" "ဟုတ်တယ်" "ရှင်မှားနေပြီ ဗစ်တာ... တကယ်တော့ စီမုန်းကသာ ရှင့်ကို ပြန်ဖန်တီးသွားတာပါ" ဒီတစ်ခါ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နည်းပညာနဲ့ အနုပညာကြားက လွန်ဆွဲမှုတွေကို ရယ်မောဖွယ် တွေးတောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ သိပ္ပံ ဟာသနဲ့ ဒရာမာ ရုပ်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ "S1m0ne" (စီမုန်း) ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ တဟုန်ထိုး ခေတ်စားနေတဲ့ AI (Artificial Intelligence) နည်းပညာတွေအကြောင်းကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက ကြိုတင်မြော်တွေးပြီး ရိုက်ကူးထားတာမို့ တကယ့်ကို လက်လွတ်မခံသင့်တဲ့ ကားကောင်းလေးပါ။ ဒီကားလေးမှာဆိုရင်တော့ ဟောလိဝုဒ်ရဲ့ နာမည်ကျော် ဝါရင့်သရုပ်ဆောင်ကြီး Al Pacino က ဒါရိုက်တာ ဗစ်တာ တာရန်စကီး အနေနဲ့ အဓိကပါဝင်ထားပြီး လှပပြီး ပြည့်စုံလွန်းတဲ့ AI မင်းသမီးလေး စီမုန်း (S1m0ne) နေရာမှာတော့ မော်ဒယ်/မင်းသမီးချောလေး Rachel Roberts က အသက်ဝင်စွာ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ~ဇာတ်လမ်းအကျဉ်း~ ဗစ်တာ တာရန်စကီး ဟာ တစ်ချိန်က အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်ခဲ့ဖူးပေမဲ့ အခုချိန်မှာတော့ ရိုက်သမျှဇာတ်ကားတိုင်း ရှုံးပြီး ဘဝပျက်နေတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ဇာတ်ကားသစ်လေး ရိုက်ကူးနေတုန်းမှာပဲ ခေါင်းဆောင်မင်းသမီးက အကျင့်စရိုက်ဆိုးစွာနဲ့ ထွက်သွားတဲ့အတွက် ဇာတ်ကားက ရပ်ဆိုင်းရမယ့် အခြေအနေကို ဆိုက်ရောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကွယ်လွန်သွားတဲ့ ကွန်ပျူတာပညာရှင်တစ်ယောက်ဆီကနေ "Simulation One" (ခေါ်) S1m0ne ဆိုတဲ့ အတုအယောင် ကွန်ပျူတာပရိုဂရမ်နဲ့ ဖန်တီးထားတဲ့ မင်းသမီးလေးတစ်ယောက်ကို အမွေရလိုက်ပါတယ်။ ဗစ်တာဟာ ဇာတ်ကားကို အဆုံးသတ်ဖို့အတွက် အဲဒီ AI မင်းသမီးလေး စီမုန်းကို အစစ်အမှန် လူသားတစ်ယောက်အနေနဲ့ ဟန်ဆောင်ပြီး အစားထိုးရိုက်ကူးလိုက်ပါတယ်။ မထင်မှတ်ထားဘဲ စီမုန်းပါဝင်ထားတဲ့ ဇာတ်ကားဟာ တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေပြီး စီမုန်းဟာလည်း ကမ္ဘာ့အကျော်ကြားဆုံး စူပါစတားတစ်ယောက် ဖြစ်လာပါတော့တယ်။ "သိလား... လူတစ်ယောက်တည်း ယုံအောင်လုပ်ရတာထက် လူတစ်သိန်းကို ယုံအောင်လုပ်ရတာက ပိုလွယ်တယ်" ----- ဗစ်တာ တာရန်စကီး ----- လူတိုင်းက စီမုန်းကို အပြင်က တကယ့်လူသားတစ်ယောက်လို့ ထင်မှတ်ပြီး ရူးသွပ်လာကြတဲ့အခါ ဗစ်တာတစ်ယောက် အမှန်တရားကို ဖုံးကွယ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရပါတော့တယ်။ နောက်ပိုင်းမှာ စီမုန်းရဲ့ နာမည်ကျော်ကြားမှုက ဖန်တီးရှင် ဗစ်တာ့ကိုပါ လွှမ်းမိုးသွားတဲ့အခါ ဗစ်တာတစ်ယောက် သူ့ရဲ့ဖန်တီးမှုကို ကိုယ်တိုင် ပြန်ဖျက်ဆီးဖို့ ကြိုးစားလာရတဲ့အထိ ဖြစ်လာပါတယ်။ ~စီမုန်းဆိုတာ တကယ်မရှိဘူးဆိုတဲ့ လျှို့ဝှက်ချက်ကြီးကို ဗစ်တာတစ်ယောက် ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မလဲ? ~လူသားတွေကရော ကွန်ပျူတာကုတ်တစ်ခုဖြစ်တဲ့ AIကို လူသားအစစ်အဖြစ်နဲ့ အဆုံးထိ ယုံကြည်သွားကြမလား? ~ဗစ်တာ့အနေနဲ့ရော သူကိုယ်တိုင် ဖန်တီးထားတဲ့ ဒီနတ်ဆိုးလေးကို ဘယ်လိုပြန်ပြီး အဆုံးသတ်မလဲ? ဆိုတာကိုသိရဖို့အတွက် အခုပဲ S1mOne ဇာတ်ကားလေးကို ကြည့်ရှုလိုက်ကြရအောင်လားရှင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Ei ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း