Firebreak
"တောမီးလောင်နေတဲ့အချိန် ၈ နှစ်အရွယ် ကလေးတစ်ယောက်ကို တောထဲမှာ တစ်ယောက်တည်း ထားခဲ့ရက်တယ်ပေါ့... ငါ့သမီး ဘယ်မှာလဲ" ---မာရာ--- Hello Hello ရာသီဥတုက ပူလာပြီဆိုတော့ အပြင်မထွက်ချင်ဘဲ အိမ်မှာပဲ ဇာတ်ကားကောင်းကောင်းလေး ကြည့်ချင်နေတဲ့ ပရိသတ်တွေအတွက် ရင်တမမနဲ့ ကြည့်ရှုရမယ့် Netflix ရဲ့ စပိန် သည်းထိတ်ရင်ဖို Survival & Psychological Thriller ဇာတ်ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာတော့ စပိန်နိုင်ငံရဲ့ ကျွမ်းကျင်ဝါရင့် သရုပ်ဆောင်တွေဖြစ်တဲ့ Belén Cuesta (မာရာ)၊ Joaquín Furriel (လူးဝစ်) နဲ့ Enric Auquer (ဆန်တီ) တို့က ဇာတ်ကောင်တွေရဲ့ စိုးရိမ်ပူပန်မှု၊ ဒေါသနဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံး သရုပ်ဆောင် အားဖြည့်ထားပါတယ်။ ~ဇာတ်လမ်းအကျဉ်း~ မာရာဟာ ခဲအိုဖြစ်သူ လူးဝစ်ရဲ့ မိသားစုနဲ့အတူ စိတ်အပန်းဖြေဖို့ တောထဲက အိမ်လေးတစ်လုံးဆီကို အလည်အပတ် သွားရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ သူမရဲ့ ၈ နှစ်အရွယ် သမီးလေး လီဒါဟာ တောထဲမှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ အဲဒီအချိန်မှာ တောမီးအကြီးအကျယ် စတင်လောင်ကျွမ်းလာခဲ့ပြီး အာဏာပိုင်တွေက အားလုံးကို အမြန်ဆုံး ရှောင်ခွာဖို့ အမိန့်ပေးပါတော့တယ်။ ဒါပေမဲ့ သမီးလေးကို မတွေ့ဘဲ ဘယ်မိခင်က ထွက်သွားနိုင်ပါ့မလဲ။ မာရာနဲ့ လူးဝစ်တို့ဟာ အသက်အန္တရာယ်ကို ပမာမထားဘဲ မီးတောက်တွေကြားထဲမှာ လီဒါကို ဆက်လက်ရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီလို အသေအလဲ ရှာဖွေနေရင်းနဲ့ မာရာ တစ်ယောက် သမီးဇောကပ်ပြီး အနီးအနားကလူတွေကို သံသယဝင်လာရုံတင်မက လီဒါ မပျောက်ဆုံးခင်နောက်ဆုံးတွေ့ခဲ့တဲ့ အိမ်နီးချင်း ဆန်တီကိုပါ သံသယဝင်လာတဲ့အခါ...... ~ကူညီမယ့်သူလိုလိုနဲ့ ပဟေဠိဆန်နေတဲ့ အိမ်နီးချင်းဆန်တီက တကယ်ပဲ လီဒါပျောက်ဆုံးမှုရဲ့ တရားခံများဖြစ်နေမလား??? ~လီဒါလေးကရော တကယ်ပဲ လမ်းပျောက်သွားတာလား ဒါမှမဟုတ် တစ်ယောက်ယောက်ကများ ဖမ်းထားတာလား??? ~တောမီးတွေ ဝိုင်းနေတဲ့ကြားထဲကနေ မာရာတစ်ယောက် သမီးလေးကို အသက်ရှင်လျက် ပြန်ရှာတွေ့နိုင်ပါ့မလား??? ဆိုတာကိုတော့ အဖြေမပေါ်မချင်း ရင်တဖိုဖိုနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားနိုင်မယ့် "Firebreak (Cortafuego)" ဆိုတဲ့ ဒီဇာတ်ကားလေးမှာ အတူတူ လိုက်ပါခံစားကြည့်ရှုလိုက်ကြရအောင်နော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Ei ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း