Sister
"သေရေးရှင်ရေးဖြစ်နေတဲ့ ငါ့ညီမလေးအတွက် ဒီနည်းလမ်းကလွဲပြီး ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး..." ချမ်းသာတဲ့ မိသားစုက ကောင်မလေးတစ်ယောက်ကို အကွက်ကျကျ ပြန်ပေးဆွဲခဲ့တဲ့ ပြန်ပေးသမားနှစ်ယောက်... အကြောက်တရားတွေကြားမှာ ရုန်းကန်နေရတဲ့ ဓားစာခံ... နဲ့ သူတို့ (၃) ယောက်ကြားက ဘယ်သူမှ မထင်မှတ်ထားတဲ့ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တွေအကြောင်းကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ကိုရီးယား Thriller ဇာတ်ကားကောင်းလေး Sister (2026) နဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း~ ချမ်းသာတဲ့ မိသားစု အသိုင်းအဝိုင်းကနေ ဆင်းသက်လာပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ ကောင်မလေး ဆူဂျင် တစ်နေ့မှာတော့ သူမ ဘာအမှားလုပ်မိလို့ ဘာဖြစ်မှန်းတောင် မသိလိုက်ခင်မှာပဲ ပြန်ပေးဆွဲသမား နှစ်ယောက်ရဲ့ လက်ထဲကို ရုတ်တရက် ကျရောက်သွားပါတော့တယ်။ သူမကို ပြန်ပေးဆွဲခဲ့တဲ့ သူတွေကတော့ သေလုမျောပါးဖြစ်နေတဲ့ ညီမလေးရဲ့ ခွဲစိတ်စရိတ်ကို ရှာဖွေဖို့အတွက် ဘယ်လိုမှ နောက်ဆုတ်လို့မရနိုင်တော့တဲ့ ပြန်ပေးဆွဲမှုကြီးတစ်ခုကို မတတ်သာဘဲ ကျူးလွန်ခဲ့ရတဲ့ ဟယ်ရန်နဲ့ သနားညှာတာမှု အရိပ်အယောင်တောင်မရှိဘဲ သွေးအေးရက်စက်လှတဲ့ ဆူဂျင်ရဲ့ခင်ပွန်းဟောင်းဖြစ်သူ ထယ်ဆူး တို့ပဲ ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်လှတဲ့ ထယ်ဆူးရဲ့ လက်ထဲမှာ ဓားစာခံ ဆူဂျင်တစ်ယောက် သေမင်းနဲ့ ရင်ဆိုင်ရလောက်တဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေကို အလူးအလဲ ခံစားနေရချိန်မှာတော့... ~ညီမလေးအတွက် အရာအားလုံးကို စွန့်လွှတ်ထားတဲ့ ဟယ်ရန်ကရော ဒီအသက်လုတိုက်ပွဲ အကျပ်အတည်းတွေကြားမှာ ဘယ်လိုတွေ ဆက်လုပ်မလဲ... ~ဒီလူသုံးယောက်ကြားမှာ ဖုံးကွယ်ထားတဲ့ မမျှော်လင့်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ အမှန်တရားတွေက ဘာတွေများဖြစ်နေမလဲ... ~သွေးအေးလှတဲ့ လူသတ်သမား ထယ်ဆူးရဲ့ လက်ထဲကနေ ဆူဂျင်တစ်ယောက် အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား ဆိုတာတွေကို Plot Twist အလှည့်အပြောင်းတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာဖြစ်လို့ "Sister" ဇာတ်ကားလေးကို အခုပဲကြည့်လိုက်ကြပါစို့နော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Ei ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း