ဇာတ်ကားများ ရွေးရန်

Asha

2025ဇာတ်ကားWeb-dl 1080p

ကျန်းမာရေး စေတနာ့တွေရဲ့ကြိုးစားမှုနဲ့ ရှေးရိုးစွဲအယူအဆတွေနဲ့ အမွေဆက်ခံမဲ့ သားယောကျ်ားလေးရရှိရေးကိုသာ အသက်တမျှ အရေးပေးလွန်းတဲ့ တောရွာလေးတစ်ရွာရဲ့ နောက်ကွယ်က အမှောင်ထုကို ဒီဇာတ်လမ်းလေးမှာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ကိုယ်ဝန်ဆိပ်တက်ပြီး အသက်အန္တရာယ်ရှိနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ဆေးရုံမပို့ဘဲ ရွာက လက်သည်၊ ဗိန္ဓောဆရာတွေနဲ့သာ ကြိတ်ကုချင်နေတဲ့ ခေါင်းမာလွန်းတဲ့ မိသားစုကြောင့် အခြေအနေတွေက အချိန်နဲ့အမျှ တင်းမာလာပါတယ်။ ဒီအချိန်မှာ လူနာရှင်ရဲ့ မိသားစုကိုရော တစ်ရွာလုံးရဲ့ အထင်အမြင်လွဲမှားမှုတွေကိုပါ ရဲရဲဝံ့ဝံ့ အန်တုပြီး ကိုယ်ဝန်ဆောင်သည်ကို သေမင်းလက်ထဲကနေ ကယ်တင်ဖို့ ကြိုးစားလာတဲ့ ရပ်ကျေးကျန်းမာရေး စေတနာ့ဝန်ထမ်း အမျိုးသမီးတစ်ယောက်ရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးပြသထားပါတယ်။ ဇာတ်လမ်းအစကနေ အဆုံးထိ ကျန်းမာရေး စေတနာ့ဝန်ထမ်းအမျိုးသမီးတွေရဲ့ စွမ်းအား၊ စာနာမှုနဲ့ ရဲရင့်ခြင်းကို အကောင်းဆုံး ပုံဖော်ပေးထားတဲ့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း