Shelter
အက်ရှင်မင်းသားကြီး Jason Statham ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Ric Roman Waugh ရိုက်ကူးထားတဲ့ ရိုးရှင်းပေမယ့် အစအဆုံး ဆွဲဆောင်မှုရှိတဲ့ အက်ရှင်ကား ဖြစ်ပါတယ်။ ဘတ်ဂျက်အကြီးကြီးတွေ သုံးထားတဲ့ ထူးကဲဆန်းပြားတဲ့ ဇာတ်ကားမျိုး မဟုတ်ပေမယ့် ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပီပြင်တဲ့ တိုက်ခိုက်ခန်းတွေက အရမ်းမိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စကော့တလန်ကမ်းလွန်က လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းမှာ အထီးကျန်စွာ ပုန်းအောင်းနေထိုင်နေတဲ့ မိုက်ကယ် (Jason Statham) ဟာ အစိုးရလုပ်ကြံသတ်ဖြတ်ရေးသမားဟောင်း တစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့ ပြင်းထန်တဲ့မုန်တိုင်းထဲမှာ ဒုက္ခရောက်နေတဲ့ ဂျက်စီ (Bodhi Rae Breathnach) ဆိုတဲ့ ကောင်မလေးကို မိုက်ကယ်က ကယ်တင်လိုက်ပါတယ်။ သူ အသက်ဘေးက လွတ်မြောက်သွားပေမယ့်၊ မိုက်ကယ်ရဲ့ ဒီသနားကြင်နာတတ်တဲ့ လုပ်ရပ်လေးကပဲ သူ့ကို အသေအလဲ ရှာဖွေနေတဲ့ အတိတ်က ရန်သူတွေကို သဲလွန်စပေးလိုက်သလို ဖြစ်သွားပါတော့တယ်။ အရင်က သူလုပ်ကိုင်ခဲ့တဲ့ အေဂျင်စီက သူ့ကို ခြေရာခံမိသွားတဲ့အခါမှာတော့ မိုက်ကယ်ဟာ သူ့ကိုယ်သူ ကာကွယ်ဖို့နဲ့ ကောင်မလေးကို စောင့်ရှောက်ဖို့အတွက် အေးချမ်းနေတဲ့ဘဝကို စွန့်ခွာပြီး လူဆိုးတွေနဲ့ ပြန်လည်ရင်ဆိုင်ရပါတော့တယ်။ သူ့ကို လိုက်လံသတ်ဖြတ်ဖို့ လူသတ်သမားတွေ စေလွှတ်လိုက်တဲ့အချိန်မှာတော့ မိုက်ကယ်တစ်ယောက် အစွမ်းကုန် ကြိုးစားပြီး ကောင်မလေးကို ဘယ်လိုကာကွယ်မလဲ၊ သူ့ရဲ့ လျှို့ဝှက်ချက်တွေပြည့်နေတဲ့ အတိတ်ကနေ ဘယ်လိုရုန်းထွက်မလဲ ဆိုတာကို အက်ရှင်ခန်း အမိုက်စားတွေနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ edrikk ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း