Rectangle, Triangle
ခေတ်သစ်လင်ယောက်ျားတို့ရဲ့ ရှင်သန်ရေးလမ်းညွှန် "ကမ္ဘာကြီးပြောင်းလဲသွားပြီဆိုတော့... ယောက်ျားတွေလည်း 'စူပါမင်း' လို အကုန်လုပ်နိုင်မှ ရတော့မဲ့ပုံပဲ" လင်မယားကြားက နားလည်မှုလွဲတာတွေ အိမ်ထောင်သည်ဘဝရဲ့ အခက်အခဲတွေနဲ့ ရှေးရိုးစွဲယုံကြည်မှုတွေကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုရမဲ့ Comedy & Slice of Life ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေကတော့ မိသားစုတာဝန်တွေကို ထမ်းပိုးထားရတဲ့ ဒါပေမဲ့လည်း မိန်းမတွေရဲ့ အပြစ်တင်တာကို ခံနေရတဲ့ အိမ်ထောင်သည်ယောက်ျားတွေပဲ ဖြစ်ပါတယ် သူတို့ဟာ ရှေးရိုးစွဲအကျင့်တွေနဲ့ ခေတ်သစ်ကတောင်းဆိုလာတဲ့ 'အကောင်းဆုံးခင်ပွန်း' ဆိုတဲ့ မျှော်လင့်ချက်တွေကြားမှာ ဗျာများနေကြရသူတွေပါ နာကျင်စရာအကောင်းဆုံးကတော့... သူတို့တွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား "The Return of Superman" တီဗီအစီအစဉ်ထဲက အဖေတွေလို ပြီးပြည့်စုံတဲ့လူတွေ မဖြစ်လာနိုင်လို့ မျက်မုန်းကျိုးခံနေရတာပါပဲ ပိုက်ဆံလည်းရှာ အိမ်မှုကိစ္စလည်းလုပ် ကလေးလည်းထိန်းရမဲ့ ခေတ်သစ်စံနှုန်းတွေကြောင့်... သူတို့ရဲ့ ရင်ထဲမှာ ညည်းညူသံတွေက ဆူညံလာပါတော့တယ် အရက်ဝိုင်းလေးမှာ စုံကြရင်း မိန်းမတွေအကြောင်း ရင်ဖွင့်ကြတဲ့အခါမှာတော့... အရင်က ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးလုပ်နေတယ်လို့ ထင်ခဲ့တဲ့ ယောက်ျားတွေဟာ အခုခေတ်ကြီးမှာ ရှင်သန်ဖို့ ဘယ်လောက်ခက်ခဲလာလဲဆိုတာကို ရယ်မောဖွယ်ရာ တွေ့မြင်ရမှာပါ သူတို့ရဲ့ ရည်ရွယ်ချက်က တစ်ခုတည်း... အဲဒါကတော့ မိန်းမတွေရဲ့ အလိုကျ ပြီးပြည့်စုံတဲ့ ယောက်ျားတွေ ဖြစ်မလာနိုင်ရင်တောင် အိမ်ထောင်ရေး သာယာဖို့ပါပဲ "ရှုထောင့်ပြောင်းကြည့်ရင် အကုန်လုံးက အကောင်းချည်းပါပဲ" ဘုန်းတော်ကြီးတစ်ပါး ပြောပြခဲ့တဲ့ "တြိဂံနဲ့ ထောင့်မှန်စတုဂံ" နှစ်ဖက်ကြည့်တတ်တဲ့ ရှုထောင့်အမြင် သင်ခန်းစာကနေ စကားချော်ပြီး နို့သီးခေါင်းကိစ္စအထိ ရောက်သွားတဲ့ သူတို့ရဲ့ ဟာသတွေက ကြည့်ရှုသူကို ပွဲကျစေမှာပါ ~ခေတ်သစ်လင်ယောက်ျားတို့ရဲ့ ရှင်သန်ရေးတိုက်ပွဲမှာ သူတို့တွေ မိန်းမတွေရဲ့ အလိုကို လိုက်နိုင်ပါ့မလား... ~ပြဿနာတွေကြားထဲက မမျှော်လင့်ထားတဲ့ ရှုထောင့်အသစ်တွေကို တွေ့ကြုံလာရတဲ့အခါ သူတို့ရဲ့ အိမ်ထောင်ရေးတွေက ပိုပြီး ခိုင်မြဲသွားမလား... ~ဒါမှမဟုတ် အခြေအနေတွေကို ဒီတိုင်းပဲ လက်လွှတ်လိုက်ကြတော့မလား ဆိုတာတွေကိုတော့ "ခေတ်သစ်လင်ယောက်ျားတို့ရဲ့ ရှင်သန်ရေးလမ်းညွှန်" Rectangle, triangle ဆိုတဲ့ ဇာတ်လမ်းလေးမှာ ရယ်မောပျော်ရွှင်ဖွယ် ကြည့်ရှုကြရမှာဖြစ်လို့ ကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Ei ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း